
နေပြည်တော်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့လာသော စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာ ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာများ သွားရောက်ပေးပို့ခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၉ ရက်) နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ထုတ်ပြန်သော သတင်းအရ သိရသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် နံနက် ၁၀ နာရီ ၄၀ အချိန်မှ ၁၀ နာရီ ၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)









