အောင်လံ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ မြို့မစျေးကြီးတွင် သီတင်းကျွတ်လ ဆီမီးပူဇော်သည့် ဆီမီးခွက်များ ရောင်းချလျက်ရှိရာ ယခုနှစ်အတွင်း ဝယ်ယူမှုနည်းပါးသည့်အတွက် လက်ရှိမှာအရောင်းအဝယ်အေးနေကြောင်း အရောင်းဆိုင်များထံမှ သိရသည်။

အောင်လံမြို့ရှိ မြို့မဈေးကြီးတွင် ဆီမီးခွက်စျေးကွက်မြင်ကွင်းများကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

သီတင်းကျွတ် ဆီမီးခွက်များကို သရက်မြို့နယ် စမ်းအိုင့်ကျေးရွာက ပြုလုပ်ကာ အောင်လံမြို့ မြို့မစျေးကြီးရှိ မြေအိုးနှင့် ဆီမီးခွက်အရောင်းဆိုင်များထံ ဖောက်သည်ပေးကြခြင်း ဖြစ်ပါသည်။

လက်ရှိ မြေဆီမီးခွက်ဈေးနှုန်းများအနေဖြင့် ၂၅ ခွက် တစ်စုံကို ကျပ် ၂,၀၀၀ နှင့် ဆီမီးခွက် အတွင်းမီးစာဂွမ်း တစ်စုံက ကျပ် ၅၀၀ ရှိကြောင်း သိရသည်။ (Xinhua)