၂၀၂၆ “တေးသံမြန်မာ” တရုတ်သီချင်းဆိုပြိုင်ပွဲ တစ်နိုင်ငံလုံးဆိုင်ရာ ဖိုင်နယ်ပွဲ ကျင်းပနေသည့် မြင်ကွင်းများ တွေ့ရစဉ် (ဓာတ်ပုံ- China Cultural Center in Yangon)
၂၀၂၆ “တေးသံမြန်မာ” တရုတ်သီချင်းဆိုပြိုင်ပွဲ တစ်နိုင်ငံလုံးဆိုင်ရာ ဖိုင်နယ်ပွဲ ကျင်းပနေသည့် မြင်ကွင်းများ တွေ့ရစဉ် (ဓာတ်ပုံ- China Cultural Center in Yangon)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၂၆ “တေးသံမြန်မာ” တရုတ်သီချင်းသီဆိုပြိုင်ပွဲ တစ်နိုင်ငံလုံးဆိုင်ရာ ဖိုင်နယ်ပွဲကို အောက်တိုဘာ ၁၅ ရက်က ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင် ခမ်းနားစွာကျင်းပခဲ့ကြောင်း ယင်းစင်တာ၏ သတင်းအရ သိရသည်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးပြီး BoWen တရုတ်စာသင်ကျောင်းမှ တာဝန်ယူ၍ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာနှင့် မြန်မာနိုင်ငံ ပေကျင်းကုန်သည်ကြီးများအသင်းချုပ်နှင့်အတူ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ တာချီလိတ်၊ မြစ်ကြီးနား၊ မြိတ်၊ ထားဝယ် စသည့်မြို့များ၌ ပြုလုပ်ခဲ့သည့်ပြိုင်ပွဲနယ်မြေဒေသ ကိုးခုမှ ပြိုင်ပွဲဝင်ချန်ပီယံများ စုစည်းကာ တရုတ်သီချင်းများသီဆိုကြရင်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ကျူးပြသခဲ့ကြသည်။

ယခုအကြိမ်ကျင်းပသည့် ဖိုင်နယ်ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲနှင့် အဖွဲ့လိုက်ပြိုင်ပွဲ ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ တစ်ဦးချင်းပြိုင်ပွဲ ပွဲစဉ်များကို ကလေး၊ လူငယ်နှင့် လူကြီး ဟူ၍ အဖွဲ့သုံးဖွဲ့ခွဲထားရာ ပြိုင်ပွဲဝင် ၁၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များကိုမူ လူငယ်နှင့် လူကြီး ဟူ၍ အဖွဲ့နှစ်ဖွဲခွဲထားရာ ပြိုင်ပွဲဝင်အဖွဲ့ ၈ ဖွဲ့၊ ပြိုင်ပွဲဝင် ၁၈ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲရလဒ်များကို ၂၀၂၆ “တေးသံမြန်မာ” တရုတ်သီချင်းသီဆိုပြိုင်ပွဲ ဖျော်ဖြေရေးနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာသည် ဂီတသံစဉ်၊ ဘာသာစကား၊ အနုပညာ စသည့် ကဏ္ဍစုံလင်စွာဖြင့် တရုတ်-မြန်မာ ယဉ်ကျေးမှု အပြန်အလှန်လေ့လာရေးအတွက် လူမှုယဉ်ကျေးမှုဖလှယ်ရေးပလက်ဖောင်းအဖြစ် ဆက်လက်ရပ်တည်ဆောက်ရွက်သွားမည်ဖြစ်ရာ သီကျူးနေဦးမည့် တရုတ်-မြန်မာ တေးသံသာများသည် တောတောင်ကိုကျော်၊ မြစ်ကိုဖြတ်၍ ပျံ့လွင့်လာကာ “တစ်မြစ်တည်းရေ တူစုံသောက်သုံး” ကြသည့်  ဆွေမျိုးပေါက်ဖော် သံယောဇဉ်နှောင်ကြိုး အစဉ်ငြိတွယ်ခိုင်မာနေမည် ဖြစ်ပါသည်။  (Xinhua)