တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ မြင်ကွင်းတစ်နေရာကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ မြင်ကွင်းတစ်နေရာကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်တွင် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ်ကို လက်ခံကျင်းပမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာ အင်စတီကျု (CPIFA) ထံမှ သိရသည်။

တရုတ်နိုင်ငံက အဆိုပါ ဖိုရမ်ကို အဘယ်ကြောင့် လက်ခံကျင်းပရသနည်း

ယမန်နှစ်က တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးက အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် ယခုနှစ်၌ တစ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် အဆိုပါ  အစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။

CPIFA က ဦးစီးကျင်းပမည့် အဆိုပါဖိုရမ်ကို "ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်တည်ဆောက်ခြင်း - အသွင်ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲ၍ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။

အဆိုပါဖိုရမ်က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်ရေးအတွက် စိတ်ကူးအကြံဉာဏ်များ ဖော်ထုတ်ရန်၊ အယူအဆပေါ်အခြေခံသော သဘောတူညီချက်ကို လက်တွေ့လုပ်ဆောင်မှုများအဖြစ် အသွင်ပြောင်းလဲရန် အသေးစိတ် နည်းလမ်းများနှင့် ဖြေရှင်းနည်းများ ရှာဖွေရန် ကဏ္ဍအသီးသီးမှ ‌ထင်ရှားသောပုဂ္ဂိုလ်များကို အတူတကွဆုံစည်းနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း CPIFA က အောက်တိုဘာ ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

စတင်အဆိုပြုချိန်မှစ၍ တစ်နှစ်ကြာပြီးနောက် GGI တွင် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၆၀ နီးပါးမှ အားပေးထောက်ခံမှု ရရှိထားကြောင်း သိရသည်။ (Xinhua) )

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261017/f9dff85e83134e119bb2576a67441f26/c.html

……………………

(English Version)

What to expect at upcoming global governance forum in China

BEIJING, Oct. 16 (Xinhua) -- China will host the 2026 Global Governance Forum (Xiongan) from Oct. 23 to 25 in Xiongan New Area, north China's Hebei Province, according to the Chinese People's Institute of Foreign Affairs (CPIFA).

WHY DOES CHINA HOST THIS FORUM?

The inaugural meeting takes place as this year marks the first anniversary of the Global Governance Initiative (GGI), which was put forward by China at last year's SCO Summit in China's coastal city of Tianjin.

Hosted by the CPIFA, the forum is themed "Rebuilding Confidence and Cooperation: Reforming and Improving Global Governance in a Transforming World."

The forum aims to bring together personages across sectors to develop ideas for reforming and improving global governance, and explore specific pathways and solutions to turn conceptual consensus into concrete actions, CPIFA president Wu Ken said at a press conference on Friday.

A year since its launch, the GGI has received support from nearly 160 countries and international organizations.

https://english.news.cn/20261017/f9dff85e83134e119bb2576a67441f26/c.html

Photo caption: An aerial drone photo taken on March 28, 2026 shows a view in the Xiong'an New Area in north China's Hebei Province. (Xinhua/Xing Guangli)