တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းဆွေမြို့၌ တည်ရှိသော မိုက်ကျီးတောင် ကျောက်ဂူများ၏ ဆောင်းဦးရာသီ ရှုခင်းအလှကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းဆွေမြို့၌ တည်ရှိသော မိုက်ကျီးတောင် ကျောက်ဂူများ၏ ဆောင်းဦးရာသီ ရှုခင်းအလှကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းဆွေ (ကန်းစု)၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ဆောင်းဦးနှောင်းပိုင်းရာသီတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းဆွေမြို့၌ တည်ရှိသော မိုက်ကျီးတောင် ကျောက်ဂူများသည် နောက်ခံတောင်တန်းများနှင့် အပြန်အလှန် ထင်ဟပ်လှပနေပြီး ခရီးသွားဧည့်သည် အများအပြား လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။

မိုက်ကျီးတောင် ကျောက်ဂူများက ဂျုံနှံစည်းများ စုပုံထားသည်နှင့် ဆင်တူသောကြောင့် ယင်းအမည် ရရှိခဲ့ခြင်းဖြစ်ပြီး “တရုတ်နိုင်ငံ ကျောက်ဂူကြီးလေးခု” အနက် တစ်ခုဖြစ်သလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် “ပိုးလမ်းမကြီး — ချန်အန်းမှ ထျန်းဆန်း စင်္ကြံလမ်း၏ လမ်းကွန်ရက်”  အမွေအနှစ်နေရာများအနက် တစ်ခုလည်း ဖြစ်သည်။ ယင်းကို “အရှေ့တိုင်း ပန်းပုလက်ရာပြခန်း” ဟု ခေါ်ဆိုကြသည်။ (Xinhua)

…………………………

(Chinese Version)

秋染麦积山

新华社照片,天水(甘肃),2026年10月21日

深秋时节,位于甘肃省天水市的麦积山石窟与群山相映成趣,吸引众多游客前来参观游览。

麦积山石窟,因其形似麦垛而得名,是“中国四大石窟”之一,也是世界文化遗产“丝绸之路:长安—天山廊道的路网”的遗产点之一,被称为“东方雕塑陈列馆”。

图说1:这是10月21日拍摄的麦积山石窟秋景(无人机照片)。新华社记者 郎兵兵 摄

图说2:10月21日,游客在麦积山石窟参观游览。新华社记者 李一博 摄