တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ယွီတူးခရိုင်ရှိ ဗဟိုတပ်နီတော်၏ ခရီးရှည်ချီတက်ပွဲ စတင်ထွက်ခွာရာ အထိမ်းအမှတ်ကျောက်တိုင်၌ အောက်မေ့ဂုဏ်ပြုဖွယ် အခမ်းအနားတစ်ခုတွင် ပါဝင်ဆင်နွှဲနေသော ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ယွီတူးခရိုင်ရှိ ဗဟိုတပ်နီတော်၏ ခရီးရှည်ချီတက်ပွဲ စတင်ထွက်ခွာရာ အထိမ်းအမှတ်ကျောက်တိုင်၌ အောက်မေ့ဂုဏ်ပြုဖွယ် အခမ်းအနားတစ်ခုတွင် ပါဝင်ဆင်နွှဲနေသော ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ယွီတူးမြစ်ကမ်းပါး၌ တေးဂီတအဖွဲ့တစ်ဖွဲ့က လွန်ခဲ့သော နှစ်ပေါင်း ၉၀ ကျော်က နေရပ်ဌာနေမှ ထွက်ခွာခဲ့ကြသည့် စစ်သည်တော်များအကြောင်းကို သီဆိုဖျော်ဖြေခဲ့ကြသည်။ သီဆိုသူများ၏ နံဘေးတွင် 'ခရီးရှည်ချီတက်ပွဲစိတ်ဓာတ် ထာဝရ ထွန်းလင်းတည်တံ့ပါစေ' ဟု ရေးသားထားသည့် အနီရောင် တရုတ်စာလုံးကြီး ရှစ်လုံးကို အထင်းသားမြင်တွေ့ရသည်။

၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် တပ်နီတော်၏ စစ်သည်အင်အား ၈၆,၀၀၀ ခန့်သည် အဆိုပါမြစ်ကို ဖြတ်ကူးခဲ့ကြပြီး ၎င်းတို့အနေဖြင့် အမေရိကန် သတင်းထောက် အက်ဂါ စနိုးက 'ခေတ်သစ်သမိုင်းတွင် ပြိုင်စံရှား စွန့်စားမှုခရီးရှည်ကြီး' ဟူ၍ တင်စားခဲ့သော ကီလိုမီတာ ၁၂,၅၀၀ ရှည်လျားသည့် အလွန်တရာ ခက်ခဲကြမ်းတမ်းသောခရီးကို စတင်လျှောက်လှမ်းနေကြမှန်း ထိုစဉ်က စိုးစဉ်းမျှပင် သိရှိခဲ့ကြမည်မဟုတ်ပေ။ ၁၉၃၆ ခုနှစ် အောက်တိုဘာလတွင် တပ်နီတော်၏ ပင်မတပ်ဖွဲ့သုံးဖွဲ့တို့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ခြင်းက ခရီးရှည်ချီတက်ပွဲ အောင်မြင်စွာပြီးဆုံးခဲ့သည့် အမှတ်သညာ ဖြစ်ခဲ့သည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသည် ခရီးရှည်ချီတက်မှုအောင်ပွဲ နှစ် ၉၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့ကို ကျင်းပလျက်ရှိရာ ခရီးသွားဧည့်သည်များက ထိုခရီးရှည်ကြီး အစပြုခဲ့ရာ ကျန်းရှီးပြည်နယ်ရှိ တောင်ထူထပ်သော ယွီတူးခရိုင်သို့ သွားရောက်လေ့လာခဲ့ကြသည်။

ယွီတူးခရိုင်သို့ နှစ်စဉ် လာရောက်လည်ပတ်သူဦးရေ သန်းပေါင်းများစွာရှိကာ ယင်းသို့ လာရောက်လည်ပတ်သူများအနက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်လည်း အပါအဝင်ဖြစ်သည်။

၂၀၁၉ ခုနှစ် မေလက သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း သမ္မတရှီသည် ခရီးရှည်ချီတက်ပွဲ စတင်ထွက်ခွာရာ အထိမ်းအမှတ်ကျောက်တိုင်၌ ပန်းခြင်းဖြင့် ဂါရဝပြုခဲ့ပြီး တပ်နီတော်စစ်သည်များ ဖြတ်ကူးခဲ့သည့်မြစ်သို့ သွားရောက်ကာ ၎င်းတို့၏ သားစဉ်မြေးဆက်များနှင့်လည်း တွေ့ဆုံခဲ့သည်။

'ပါတီအနေနဲ့ မူလရည်မှန်းချက်နဲ့ သန္နိဋ္ဌာန်ကို မေ့ပျောက်မသွားဘူးဆိုတာ တစ်နိုင်ငံလုံးက ပြည်သူတွေ သိရှိစေဖို့ အခုလို လာရောက်ရတာဖြစ်တယ်' ဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပြောကြားခဲ့သည်။

'ကျွန်တော်တို့ဟာ အတိတ်ကအတွေ့အကြုံတွေကို အခြေခံပြီး ခရီးဆောင်အိတ်တွေ ပြင်ဆင်ရင်း နောက်ထပ်ခရီးသစ်တစ်ခုကို စတင်ရမှာပါ' ဟုလည်း ၎င်းက ဆိုသည်။

သမိုင်းပေးတာဝန်ကို လွှဲပြောင်းယူခြင်း

ခရီးရှည်ချီတက်ပွဲသည် မဟာဗျူဟာအရ အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့၏။ သက်တမ်းနုနယ်သေးသည့် CPC သည် ၁၉၃၄ ခုနှစ်တွင် ကူမင်တန်အစိုးရ၏ ပဉ္စမအကြိမ် ဝိုင်းပတ်ပိတ်ဆို့၍ ဖိအားပေးထိုးစစ်ဆင်မှုကို တွန်းလှန်နိုင်ခြင်း မရှိတော့သည့်နောက် ကျန်းရှီးနှင့် ဖူကျန့်ပြည်နယ်တို့ရှိ ၎င်း၏ အဓိကအခြေစိုက်စခန်းများကို စွန့်ခွာခဲ့ရသည်။

ထိုအခါ တပ်နီတော်သည် ရွေ့လျားစစ်ကစားသည့် ပရိယာယ်ဖြင့် မြစ်အစင်းပေါင်း ၁၀၀ နီးပါးနှင့် မြင့်မားလှသော တောင်တန်းပေါင်း ၄၀ ကျော်ကို ဖြတ်ကျော်ခဲ့ကာ "သေမင်းတမန်နယ်မြေ" ဟု လူသိများသည့် ရွှံ့နွံတောကြီးများကိုလည်း ဖြတ်သန်းခဲ့ကြရသည်။ တပ်နီတော်စစ်သည်များသည် တိုက်ပွဲပေါင်း ၆၀၀ ကျော် ဆင်နွှဲခဲ့ကြရပြီး ထိုခရီးတစ်လျှောက်တွင် စစ်သည်အများအပြား အသက်စတေးခဲ့ကြရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261021/a392f97d989c4492b0946c7ce9bd02be/c.html

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ယန်အန်းမြို့မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ယန်အန်းမြို့မြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xinhua Headlines: Xi Jinping's new Long March

BEIJING, Oct. 21 (Xinhua) -- On the banks of the Yudu River in east China, a choir sang of soldiers leaving home more than nine decades ago. Beside the singers, eight large red Chinese characters proclaimed: "May the spirit of the Long March shine forever."

In October 1934, some 86,000 Red Army soldiers crossed the river, little knowing that they were embarking on a grueling 12,500-kilometer journey, which American journalist Edgar Snow hailed as "an odyssey unequaled in modern times." In October 1936, three main Red Army forces converged in northwestern China, marking the end of the Long March.

As China commemorates the 90th anniversary of the Long March's victorious conclusion this year, visitors have traveled to the mountainous county of Yudu in Jiangxi Province to see where it all began.

Yudu's visitors number in the millions each year. Among those who have made the trip is Chinese President Xi Jinping.

During his visit in May 2019, Xi laid a floral basket at a Long March departure monument, went to the river crossing used by Red Army soldiers and met their descendants.

"I have come here to let people across the country know that the Party has not forgotten its original aspiration," said Xi, who is also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission.

"We must build on the past, pack our bags and set out again," he said.

CARRY THE BATON FORWARD

The Long March was a strategic shift. In 1934, the fledgling CPC was forced to abandon its main base in the provinces of Jiangxi and Fujian after failing to repel the Kuomintang regime's fifth encirclement and suppression campaign.

The maneuver took the Red Army across nearly 100 rivers and more than 40 towering mountains, and through marshland known as a "death zone." The troops fought more than 600 battles. Many lost their lives along the way.

https://english.news.cn/20261021/a392f97d989c4492b0946c7ce9bd02be/c.html

Photo caption 1: A drone photo taken on April 16, 2026 shows students taking part in a memorial event at a monument commemorating the departure of the Central Red Army during the Long March, in Yudu County, east China's Jiangxi Province. (Xinhua/Wan Xiang)

Photo caption 2: A drone photo taken on June 16, 2026 shows a view of Yan'an in northwest China's Shaanxi Province. (Xinhua/Shao Rui)