ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆန္ဒပြလှုပ်ရှားမှုအတွင်း မျက်ရည်ယိုဗုံးအား ရှောင်တိမ်းနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆန္ဒပြလှုပ်ရှားမှုအတွင်း မျက်ရည်ယိုဗုံးအား ရှောင်တိမ်းနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ဒေသအများပြား၌ ဆန္ဒပြမှုဖြစ်ပွားခြင်းနှင့် စပ်လျဉ်း၍ ပြင်သစ်သမ္မတ မက်ခရွန်သည် အောက်တိုဘာ ၁၈ ရက်တွင် ဗီဒီယိုရုပ်သံမိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းက ဆန္ဒပြမှုကာလအတွင်း အကြမ်းဖက်လုပ်ရပ်များ ပေါ်ထွက်လာခြင်းကို ပြစ်တင်ရှုတ်ချခဲ့ပြီး တောင်းဆိုချက်များ ထုတ်ဖော်ပြောကြားခြင်းနှင့် အကြမ်းဖက်မှုတို့ကို ရောထွေးခြင်းမပြုရန် တိုက်တွန်းခဲ့သည့်အပြင် ၎င်းလုပ်ရပ်များအနက် တရားဥပဒေချိုးဖောက်သည့် လုပ်ရပ်များကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မက်ခရွန်အနေဖြင့် အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် တရားဥပဒေစိုးမိုးရေး ဝန်ထမ်းများ၊ အရာရှိများနှင့် ကုန်သည်ဆိုင်ရှင်များအား ထောက်ခံအားပေးစကား ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် Sebastien Lecornu သည် အောက်တိုဘာ ၁၉ ရက်တွင် အကျပ်အတည်း စီမံကိုင်တွယ်မှု အဖွဲ့ငယ် အစည်းအဝေး ကျင်းပသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအကူအညီမှုများပေးနိုင်ရန် အမြန်ဆုံး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

တစ်ချိန်တည်းတွင် မက်ခရွန်က အစိုးရအနေဖြင့် အောက်တိုဘာ ၁၇ ရက် အကြမ်းဖက်ဖြစ်စဉ်ကို သင်ခန်းစာယူ၍ အထူးသဖြင့် သတင်းအချက်အလက်စုဆောင်း၍ ကြိုတင်ခန့်မှန်းမှုအားကောင်းအောင်ဆောင်ရွက်ခြင်းဖြင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး ညွှန်ကြားခဲ့သည်။

မက်ခရွန်က လူငယ်များ၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်း၊ အစိုးရအနေဖြင့် လာမည့်သီတင်းပတ် တစ်ပတ်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ အလုပ်သမားသမဂ္ဂ စသည်တို့နှင့်အတူ လူငယ်များစိုးရိမ်မကင်းဖြစ်နေသည့်ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရန် အစီအမံများကို အတူလေ့လာသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယခုအကြိမ် ဆန္ဒပြလှုပ်ရှားမှုသည် ပြည်သူများ၏ လူနေမှုဘဝကုန်ကျစရိတ်နှင့် လောင်စာဆီဈေးနှုန်းအပေါ် စိုးရိမ်ပူပန်မှုအား ထင်ဟပ်စေကြောင်း ၎င်းကဆိုခဲ့သည်။ ၎င်းသည် ပြင်သစ်နိုင်ငံ၏ စွမ်းအင်ပံ့ပိုးမှုဆိုင်ရာ ကိစ္စရပ်များသေချာအောင်ဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၁၉ ရက်တွင် ပင်လယ်ကွေ့ဒေသနိုင်ငံများသို့ ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြင်သစ်နိုင်ငံ ဒေသအများအပြားတွင် အောက်တိုဘာ ၁၇ ရက်က စီတန်းလှည့်လည်ဆန္ဒပြမှုနှင့် ကန့်ကွက်ခြင်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ အချို့သောဒေသများ၌ အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ပြင်သစ်မီဒီယာများ၏ သတင်းဖော်ပြချက်အရ ကန့်ကွက်ဆန္ဒပြသည့် လှုပ်ရှားမှုများတွင် တောင်သူများ၊ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ကျောင်းသူများ နှင့် အလုပ်သမားသမဂ္ဂများလည်း ပါဝင်ခဲ့ကာ တောင်းဆိုချက်များတွင် လောင်စာဆီဈေးနှုန်း၊ လူနေမှုဘဝကုန်ကျစရိတ်၊ ပညာရေးနှင့် အများပြည်သူဝန်ဆောင်မှုများ စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းကောက်ယူမှုအရ ထိုနေ့တွင် ပြင်သစ်နိုင်ငံတစ်ဝန်း၌ ဆန္ဒပြသူ လူဦးရေ ၅၅၀,၀၀၀ ခန့်ရှိပြီး ၎င်းအနက် ပဲရစ်မြို့တွင် ၁၁၀,၀၀၀ ဦးရှိကြောင်း၊ နိုင်ငံတစ်ဝန်း အတိုင်းအတာအတွင်း၌ ၂,၃၉၇ ဦး ဖမ်းဆီးခံခဲ့ရကာ ရဲနှင့် စစ်သည် ၉၉၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းအနက် ၇ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆန္ဒပြလှုပ်ရှားမှုနေရာ၌ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆန္ဒပြလှုပ်ရှားမှုနေရာ၌ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

马克龙谴责法国抗议活动中的暴力行为

新华社巴黎10月18日电(记者孙毅)法国总统马克龙18日就法国多地爆发的抗议活动发表电视讲话。他谴责抗议期间出现的暴力行为,呼吁不要将诉求表达与暴力混为一谈,并表示将对其中的违法行为追究法律责任。  

马克龙向受暴力事件影响的执法人员、官员和商户表达声援。他称,总理勒科尔尼将于19日主持召开危机应对小组会议,尽快动员相关援助。同时,马克龙要求政府总结17日暴力事件教训,特别是加强信息收集和预判,确保此类事件不再发生。  

马克龙还对青年群体的焦虑表示理解,宣布政府将在未来一周与学生、教师、工会等共同研究应对措施,回应青年群体关切。  

他说,此次抗议活动反映出民众对生活成本和燃油价格的担忧。他宣布将于19日访问海湾国家,以确保法国能源供应。  

法国多地17日发生游行示威和抗议活动,部分地区出现暴力行为。据法国媒体报道,抗议活动聚集了农民、气候活动人士和学生等群体,部分工会也参与其中,涉及诉求包括燃油价格、生活成本、教育和公共服务等。据法国内政部统计,当天全法抗议人数达55万,其中巴黎有11万,全国范围内有2397人被捕,997名警察和宪兵受伤,其中7人伤势严重。(完)

图说1:10月17日,在法国巴黎,人们在抗议活动中躲避催泪瓦斯。新华社记者 邬惠我 摄

图说2:10月17日,在法国巴黎,执法人员在抗议活动现场执勤。新华社记者 邬惠我 摄