9af1591e5b20b40fc41ec554467f64e3a38e9f39.article_cover.content.avif)
ဆန်နား၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံတစ်ဝန်း၌ အောက်တိုဘာ ၁၈ ရက် တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ရာ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေများနှင့် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအချို့၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံက လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့ပြောကြားခဲ့ပြီး အစိုးရတပ်များကလည်း ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အကြီးစားထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိသည်။
ဆန်နားမြို့နှင့် ဟိုဒေးဒါ၊ တာအစ်ဇ်၊ မာရစ် ပြည်နယ်များရှိ နေရာများကို ပစ်မှတ်ထား၍ တိုက်ခိုက်မှုအကြိမ်ရေ ၁၁၀ ပြုလုပ်ခဲ့ရာ လူ ၃၀ ကျော် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က လူမှုကွန်ရက်ပလက်ဖောင်း X တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။
အရပ်သားဆိုင်ရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် နောက်ဆုံးအကြိမ် စစ်ရေးတင်းမာမှုများ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ဆော်ဒီတပ်ဖွဲ့များသည် ယီမင်နိုင်ငံအတွင်း လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှုပေါင်း ၂,၆၅၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ ပြောဆိုချက်များနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံ သို့မဟုတ် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။
ယီမင်အစိုးရတပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ Majid Al-Nuzaili က လူမှုကွန်ရက် X တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ၎င်းတို့၏ တိုက်ခိုက်မှုများသည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တပ်ဖွဲ့ဝင်များ စုဝေးရာနေရာများ၊ စစ်ဘက်သုံးယာဉ်များ၊ ခံတပ်များနှင့် လက်နက်သိုလှောင်ရာနေရာများကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။
အစိုးရတပ်ဖွဲ့များသည် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အကြီးစားထိုးစစ်တစ်ရပ် ဆက်လက်ဆင်နွှဲနေစဉ် လွန်ခဲ့သည့် ၂၄ နာရီအတွင်း တိုက်ပွဲဖြစ်ပွားရာ စစ်မျက်နှာအများအပြား၌ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်မှုပေါင်း ၁,၃၂၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း Al-Nuzaili က ပြောကြားခဲ့သည်။
အစိုးရတပ်ဖွဲ့ဝင်များနှင့် မဟာမိတ်တိုက်ခိုက်ရေးသမားများသည် အနောက်တောင်ပိုင်း တာအစ်ဇ်ပြည်နယ်ရှိ နေရာအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်ကူတပ်ဖွဲ့များနှင့် ခံစစ်နေရာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးများအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်ရေးသမား ၃၇၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်ဘက်သုံးယာဉ် ဒါဇင်နှင့်ချီ၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အဆိုပါ ကိန်းဂဏန်းများနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ ဟူသီလက်နက်ကိုင်အဖွဲ့ကလည်း ယင်းပြောဆိုချက်များနှင့်ပတ်သက်၍ ချက်ချင်းတုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။
ယီမင်နိုင်ငံသည် ၂၀၁၄ ခုနှစ် အနှောင်းပိုင်းကတည်းက ပဋိပက္ခနွံအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး ၎င်းအချိန်တွင် ဟူသီလက်နက်ကိုင်အဖွဲ့သည် မြို့တော်ဆန်နားနှင့် နိုင်ငံမြောက်ပိုင်းဒေသအများစုကို သိမ်းပိုက်ခဲ့သည်။ နိုင်ငံတကာက အသိအမှတ်ပြုထားသော ယီမင်အစိုးရကို ထောက်ခံရန် ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်စွက်ဖက်ခဲ့သည်။ (Xinhua)
---------------------
(English Version)
Yemen sees intensified fighting as Houthis report more Saudi strikes, government forces claim gains
SANAA, Oct. 18 (Xinhua) -- Fighting intensified across Yemen on Sunday, with the Houthi group reporting a new wave of Saudi air and missile strikes across several Houthi-held and contested areas over the past 24 hours, while the government forces pressed ahead with a major offensive against the group.
Houthi military spokesperson Yahya Sarea said in a statement posted on social media platform X that a total of 110 strikes targeted areas in Sanaa and the provinces of Hodeidah, Taiz and Marib, leaving more than 30 people killed or injured.
He claimed that civilian sites were targeted and that most of those killed or wounded were women and children.
The Houthi spokesperson further claimed that Saudi forces had carried out a total of 2,652 air and missile strikes against Yemen since the latest escalation began.
There was no immediate comment from Saudi Arabia or the Saudi-led coalition on the Houthi claims.
Majid Al-Nuzaili, spokesperson for the government forces, said in a statement posted on X that their strikes targeted Houthi troop gatherings, military vehicles, fortified positions and weapons sites.
The government forces had carried out 1,326 strikes against Houthi targets across several battlefronts over the past 24 hours, as they pressed ahead with a major offensive against the group, said Al-Nuzaili.
Government troops and allied fighters captured several positions in the southwestern province of Taiz and seized heavy weapons and other military equipment, while strikes targeted Houthi reinforcements and defensive positions, according to Al-Nuzaili.
The spokesperson claimed that "about 370 Houthi fighters had been neutralized" and dozens of military vehicles destroyed during the operations.
The figures could not be independently verified, and the Houthis have not immediately commented on the claims.
Yemen has been mired in conflict since late 2014, when the Houthis seized the capital Sanaa and much of the country's north. A Saudi-led coalition intervened in 2015 in support of the internationally recognized government.
Photo Caption :Smoke rises after airstrikes on Sanaa International Airport in Sanaa, Yemen, July 13, 2026. (Houthi Media Center/Handout via Xinhua)








