
တီဟီရန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
“စည်းကမ်းချိုးဖောက်သည့်” ရေနံသင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြား တောင်ပိုင်း၌ ရေမြှုပ်မိုင်းတစ်လုံးအား ထိမိခဲ့ကြောင်း၊ ထို့နောက် ပေါက်ကွဲ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ လက်အောက်ခံမီဒီယာ Sepah News က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်က အဆိုပါ ရေနံသင်္ဘောသည် ဂျီပီအက်စ် (GPS) နှင့် လမ်းညွှန်မှုစနစ်အား ပိတ်ထားပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မျက်ကွယ်ပြုကာ “ခွင့်ပြုထားခြင်းမရှိသည့်” ရေကြောင်းလမ်းတစ်ခုမှ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားသည်။
အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်က ဟော်မုဇ်ရေလက်ကြား သို့မဟုတ် ပါရှန်ပင်လယ်ကွေ့၌ ဖြတ်သန်းသွားလာသည့် ကာလအတွင်း လမ်းညွှန်မှုစနစ်နှင့် ခွဲခြားအတည်ပြုမှုစနစ် ပိတ်ထားသော သင်္ဘောများအပေါ် “တင်းမာ၍ ပြတ်သားသော စီမံမှုများ ဆောင်ရွက်သွားမည်” ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
---------------------
(Chinese Version)
伊朗:一艘“违规”油轮在霍尔木兹海峡触雷爆炸
新华社德黑兰10月19日电(记者沙达提)伊朗伊斯兰革命卫队海军19日表示,一艘“违规”油轮在霍尔木兹海峡南部触及一枚水雷,随后发生爆炸并起火。
在伊朗伊斯兰革命卫队旗下媒体赛帕新闻网发表的一份声明中,伊斯兰革命卫队海军称,这艘油轮关闭了全球定位系统(GPS)及导航系统,并无视相关规定,试图通过一条“未经授权”的航线离开霍尔木兹海峡。
声明说,伊斯兰革命卫队海军强调,将对任何在霍尔木兹海峡或波斯湾航行期间关闭导航及识别系统的船只予以“严厉且果断的处置”。(完)
图说:这是阿曼新闻部6月20日提供的霍尔木兹海峡资料图片。新华社发







9af1591e5b20b40fc41ec554467f64e3a38e9f39.article_card.avif)
