
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
နဝမအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် အမေရိကန်ကုမ္ပဏီများက ရှစ်ကြိမ်မြောက်ပြပွဲဧရိယာ အကျယ်အဝန်းအများဆုံးရယူမည်ဖြစ်ပြီး ၎င်းတို့၏ ဧရိယာမှာယမန်နှစ်ကထက် ပြပွဲဧရိယာစတုရန်းမီတာ ၁,၅၀၀ ပိုမိုကျယ်ဝန်းမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နဝမအကြိမ်မြောက် CIIE ပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။ သွင်းကုန်များကို အဓိကထားသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံတော်အဆင့်ကုန်စည်ပြပွဲ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သော CIIE ပြပွဲသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်မူဝါဒကို ချဲ့ထွင်ရန်နှင့် နိုင်ငံ၏ကြီးမားကျယ်ပြန့်သောဈေးကွက်ကို ကမ္ဘာတစ်ဝန်း မျှဝေအကျိုးခံစားနိုင်သည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ဖော်ဆောင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
နဝမအကြိမ်မြောက် CIIE အတွက် ပြင်ဆင်မှုများမှာ အခြေခံအားဖြင့် ပြီးစီးနေပြီဖြစ်သည်။ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၁၆၂ ခု ပါဝင်မည်ဖြစ်ပြီး ပြည်ပကုမ္ပဏီပေါင်း ၄,၁၄၂ ခု ပါဝင်ပြသမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်း က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စုစုပေါင်းပြခန်းဧရိယာမှာ ပထမဆုံးအကြိမ်အဖြစ် စတုရန်းမီတာ ၄၄၀,၀၀၀ ကျော်လွန်မည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများပြသသည့်အပိုင်းတွင် အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ် စသည်နိုင်ငံတို့မှ ကုမ္ပဏီများက ပြပွဲဧရိယာအကျယ်အဝန်းအရ ထိပ်ဆုံးမှဦးဆောင်မည်ဖြစ်သည်။
ယခုနှစ်ပြပွဲတွင် Fortune Global 500 စာရင်းဝင်ကုမ္ပဏီများနှင့် စက်မှုလုပ်ငန်းဦးဆောင်သူများ ပါဝင်တက်ရောက်သည့် အရေအတွက်သည် ပထမဆုံးအကြိမ်အဖြစ် ၃၀၀ ကျော်လွန်မည်ဖြစ်သည်။ ထို့အပြင် CIIE ပြပွဲတွင် ကုမ္ပဏီပေါင်း ၂,၀၀၀ ကျော် ပထမဆုံးအကြိမ်လာရောက်ပြသကြမည်ဖြစ်သည်။
ယခုနှစ် CIIE တွင် ကမ္ဘာ့ဈေးကွက်သို့ ပထမဆုံးအကြိမ် မိတ်ဆက်ပြသမည့် နည်းပညာထုတ်ကုန်များနှင့် ပြပွဲတွင်ပထမဆုံးအကြိမ်ပြသမည့်ထုတ်ကုန်ပစ္စည်းပေါင်း ၂၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ စက်မှုလုပ်ငန်းများ ပိုမိုအားကောင်းစေပြီး လူနေမှုဘဝကိုပိုမိုကောင်းမွန်စေမည့် နောက်ဆုံးပေါ်ခေတ်မီနည်းပညာများစွာကိုလည်း ပြသသွားမည်ဖြစ်ရာ ယင်းတို့တွင် ကိုယ်တွင်းအင်္ဂါများကို မှန်ပြောင်းဖြင့် ခွဲစိတ်ကုသရာ၌ အသုံးပြုသည့်စက်ရုပ်များနှင့် နားအတွင်းပိုင်းထည့်သွင်းတပ်ဆင်သည့် အကြားအာရုံအထောက်အကူပြုကိရိယာများ ပါဝင်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261016/24f6c901a0da4b289003673bf5161544/c.html
…………….
(English Version)
U.S. companies to top CIIE exhibition area for eighth straight year
BEIJING, Oct. 16 (Xinhua) -- U.S. companies will top the exhibition area at the ninth China International Import Expo (CIIE) for the eighth time, with their area up 1,500 square meters from last year, an official said on Friday.
The ninth CIIE will be held in Shanghai from Nov. 5 to 10. Launched in 2018 as the world's first national-level expo dedicated to imports, the CIIE was designed to expand China's opening up and turn its vast market into a shared opportunity for the world.
Preparations for the ninth CIIE are basically complete. A total of 162 countries, regions and international organizations will take part, with 4,142 overseas companies exhibiting, China's Vice Minister of Commerce Yan Dong told a press conference.
The overall exhibition area will exceed 440,000 square meters for the first time. In the enterprise exhibition, companies from the United States, Germany, Britain and France will lead the pack in terms of exhibition space.
For the first time, the number of Fortune Global 500 companies and industry leaders attending the event will surpass 300. Additionally, over 2,000 companies will be exhibiting at the CIIE for the first time.
This year's CIIE will feature over 200 representative global debuts and first-time exhibits. A variety of cutting-edge innovations that empower industries and enhance people's lives will be showcased together, including endoscopic surgical robots and cochlear implants.
https://english.news.cn/20261016/24f6c901a0da4b289003673bf5161544/c.html
Photo caption: The State Council Information Office (SCIO) holds a press conference on preparations for the 9th China International Import Expo, in Beijing, capital of China, Oct. 16, 2026. (Xinhua/Pan Xu)








