တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဖိုရမ် (ရှုံအန်း) ကို နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်တွင် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ လက်ခံကျင်းပသွားမည်ဟု တရုတ်ပြည်သူ့ နိုင်ငံခြားရေးရာ အင်စတီကျု (CPIFA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖိုရမ်သို့ ကမ္ဘာတစ်ဝန်းမှ မဟာဗျူဟာ၊ နိုင်ငံရေး၊ ပညာရပ်ဆိုင်ရာ၊ စီးပွားရေး၊ မီဒီယာနှင့် လူငယ်ကဏ္ဍများမှ ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ပြီး အထူးသဖြင့် ကုလသမဂ္ဂ၊ ရာသီဥတုပြောင်းလဲမှု၊ ဉာဏ်ရည်တုနည်းပညာနှင့် နိုင်ငံစုံကုန်သွယ်ရေးကဲ့သို့သော နယ်ပယ်များမှ ပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ်ကြောင်း CPIFA က အောက်တိုဘာ ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ကမ္ဘာ့တောင်ဘက်ခြမ်း၊ ဥရောပနှင့် အမေရိကတိုက်တို့၏ နိုင်ငံပေါင်း ၁၀၀ နီးပါးမှ နိုင်ငံတကာ ဧည့်သည်တော်များက ဖိုရမ်သို့ တက်ရောက်ရန် အတည်ပြုထားပြီးဖြစ်သည်။ ဖိုရမ်ကျင်းပစဉ်ကာလအတွင်း တရုတ်နိုင်ငံ၏ "အနာဂတ်မြို့တော်"  ရှုံအန်းဧရိယာသစ်သို့လည်း သွားရောက်လေ့လာကြမည်ဟု CPIFA က ပြောကြားခဲ့သည်။

CPIFA က ဦးစီးကျင်းပမည့် အဆိုပါဖိုရမ်ကို "ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်တည်ဆောက်ခြင်း - ပြုပြင်ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲ၍ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ ညမြင်ကွင်းကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ ညမြင်ကွင်းကို ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

China to host global governance forum from Oct. 23 to 25

BEIJING, Oct. 16 (Xinhua) -- China will host the 2026 Global Governance Forum (Xiongan) from Oct. 23 to 25 in Xiongan New Area, north China's Hebei Province, according to the Chinese People's Institute of Foreign Affairs (CPIFA).

The forum will bring together leading figures in strategic, political, academic, business, media, and youth sectors from around the world, particularly those in areas such as the United Nations, climate change, artificial intelligence, and multilateral trade, said the CPIFA at a press conference on Friday.

According to the CPIFA, international guests from nearly 100 countries of the Global South, Europe and America have confirmed their attendance. They will also visit Xiongan New Area, China's "city of the future," during the forum.

Hosted by the CPIFA, the forum is themed "Rebuilding Confidence and Cooperation: Reforming and Improving Global Governance in a Transforming World." ■

Photo caption 1: An aerial drone photo taken on March 28, 2026 shows a view in the Xiong'an New Area in north China's Hebei Province. (Xinhua/Xing Guangli)

Photo caption 2: An aerial drone photo taken on March 27, 2026 shows a night view in the Xiong'an New Area in north China's Hebei Province. (Xinhua/Xing Guangli)