တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်သည့် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure Essozimna Gnassingbé တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်သည့် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure Essozimna Gnassingbé တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်သည့် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure Essozimna Gnassingbé နှင့် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် ဘက်အသီးသီးက အာဖရိက အဓိကအရေးကိစ္စများ ဖြေရှင်းမှုတွင် အပြုသဘောဆောင်စွာ ပါဝင်ရန်အတွက် အခြေခံမူလေးရပ် အဆိုပြုခဲ့သည်။

ပထမအနေဖြင့် အာဖရိက ဦးဆောင်မှုအား လက်ကိုင်ထားခြင်း ဖြစ်သည်။ အာဖရိကပြည်သူများက အာဖရိက၏ စစ်မှန်သောပိုင်ဆိုင်သူများဖြစ်ရာ ဒေသတွင်းအရေးကိစ္စများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သင့်သည်။ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများ၊ အာဖရိကသမဂ္ဂနှင့် ဒေသခွဲအဖွဲ့အစည်းများက မိမိကိုယ်ကိုယ်ယုံကြည်၍ ကိုယ်တိုင်ရပ်တည်မှုကို လက်ကိုင်ထားခြင်း၊ စည်းလုံးညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်း၊ အာဖရိကတိုက်၏ အစဉ်အလာနှင့် ဉာဏ်ပညာကို မြှင့်တင်ခြင်း၊ အာဖရိကက ရင်ဆိုင်နေရသော ပြဿနာအသီးသီးအား ဖြေရှင်းခြင်းကို ထိရောက်စွာ တွန်းအားပေးခြင်းကို ထောက်ခံအားပေးသည်။

ဒုတိယအနေဖြင့် တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းခြင်းဖြစ်သည်။ ပါဝင်သူအသီးသီးအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူအား လိုက်နာသင့်ပြီး ကာယကံရှင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား လေးစားသင့်သည်။ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်တွေ့ကျင့်သုံး၍ ဘုံဖြစ်သော၊ ဘက်စုံဖြစ်သော၊ ပူးပေါင်းဆောင်ရွက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို အရင်းခံကာ ဘက်အသီးသီး၏ သဘောထားလျော်ကန်သော ဂရုပြုမှုများကိုလည်း ထည့်သွင်းစဉ်းစားပြီး တရားမျှတ၍ လျော်ကန်သော ဖြေရှင်းမှုနည်းလမ်းအား ရှာဖွေရမည်။

တတိယအနေဖြင့် စစ်ရပ်စဲ၍ ငြိမ်းချမ်းရေးတည်ဆောက်မှုကို တွန်းအားပေးခြင်း ဖြစ်သည်။ စစ်ပွဲနှင့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် နိုင်ငံအချင်းချင်း ပဋိပက္ခဖြစ်မှုကို အစစ်အမှန် ဖြေရှင်းနိုင်ခြင်းမရှိဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုကသာ စစ်မှန်သောလမ်းကြောင်းဖြစ်သည်။ နိုင်ငံတကာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) စသည့် ကမ္ဘာ့တောင်ဘက်ခြမ်းမှ ဦးဆောင်သောပလက်ဖောင်းနှင့် ယန္တရားအခန်းကဏ္ဍကို အသုံးချကာ အပြန်အလှန်လေးစားပြီး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းရမည့်အပြင် မတူကွဲပြားမှုများကို လက်ခံထားရှိ၍ တူညီမှုများကိုရှာဖွေကာ အပြန်အလှန် နားလည်ဖြေလျှော့ပေးရမည်ဖြစ်သည်။

စတုတ္ထအနေဖြင့် ကိစ္စရပ်၏ အပြင်ပန်းလက္ခဏာကိုသာမက အရင်းအမြစ်မှပါ ကိုင်တွယ်ဖြေရှင်းရေးကို ဖော်ဆောင်ခြင်းဖြစ်သည်။ လက်ရှိလုံခြုံရေးကို အာရုံစိုက်ထားရမည့်အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း စီစဉ်ရေးဆွဲရမည်။ တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့်အတူ တရုတ်အသွင်ပုံစံ ခေတ်မီအသွင်ပြောင်းမှု အခွင့်အလမ်းအသစ်များအား ဆက်လက်မျှဝေပြီး စိုက်ပျိုးရေး၊ စက်မှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အစိမ်းရောင်၊ သိပ္ပံနည်းပညာ စသည့် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးကာ ဒေသတွင်းနိုင်ငံများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးခြင်း၊ လူမှုယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုကို မြှင့်တင်ခြင်းတို့ဖြင့် ရေရှည်ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းအတွက် ခိုင်မြဲသော အခြေခံအုတ်မြစ်ချမှတ်ပေးရန် ဆန္ဒရှိသည်။ (Xinhua)

---------------------

(Chinese Version)

习近平就建设性参与非洲热点问题解决提出4条原则

新华社北京10月13日电(记者曹嘉玥)10月13日下午,国家主席习近平在北京人民大会堂会见来华进行正式访问的多哥部长会议主席福雷时,就各方建设性参与非洲热点问题解决提出4条原则:  

一是坚持非洲主导。非洲人民是非洲真正的主人,应在地区事务中发挥核心作用。中方支持非洲国家、非盟和次区域组织坚持自信自立,追求团结发展,发扬非洲传统和智慧,有效推动解决非洲面临的各种问题。  

二是维护公平正义。各参与方应遵守联合国宪章宗旨和原则,尊重当事国主权和领土完整,践行真正的多边主义,秉持共同、综合、合作、可持续的安全观,兼顾各方合理关切,寻求公正合理的解决方案。  

三是推动止戈为和。战争和单边制裁无法真正解决国与国之间矛盾,对话协商才是正道。要发挥国际调解院等全球南方主导的平台和机制作用,相互尊重、广泛协商,求同存异、互谅互让。  

四是实行标本兼治。既着眼当下安全,又谋划长远发展。中方愿继续同非洲国家分享中国式现代化新机遇,推进农业、工业、减贫、绿色、科技等合作,支持地区国家可持续发展,增进文明交流互鉴,为实现持久和平筑牢根基。(完)

图说:10月13日下午,国家主席习近平在北京人民大会堂会见来华进行正式访问的多哥部长会议主席福雷。 新华社记者 岳月伟 摄