ချန်အန်း (ကျီလျင်)၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

မကြာသေးမီက ကျီလျင်ပြည်နယ် ချန်အန်းခရိုင် ထိန်ကျစ် စိုက်ပျိုးမွေးမြူရေးကွင်းက မျက်စိတစ်ဆုံး ရွှေဝါရောင်အတိ ဖြစ်နေပါသည်။ ပြည့်ဖြိုးနေသော စပါးနှံများ လေပြည်နှင့်အတူ စပါးခင်းလှိုင်းလုံးများအဖြစ် တလိမ့်လိမ့် ဝှေ့ယမ်းနေပြီး စိုက်ခင်းအပြည့် စပါးရနံ့ သင်းပျံ့လျက်ရှိပါသည်။ လယ်ကွင်းပြင်ကြီးတွင် ဆောင်းဦးအရိပ်အယောင်များ လွှမ်းခြုံနေပြီး ရိတ်သိမ်းချိန်နီးကပ်လာသော ဝမ်းမြောက်ဖွယ်ရာမြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။ (Xinhua)

---------------------

(Chinese Version)

吉林乾安:金浪涌田野 丰收待开镰

【解说】近日,吉林省乾安县腾字种畜场满目鎏金。沉甸甸的稻穗颗粒饱满,稻浪随风层层翻涌,田间处处弥漫着淡淡的稻谷清香。沃野之上秋意盎然,一派丰收在即的喜人景象。

金福才 苏宏健 吉林乾安报道。(完)