စင်ရော်ခေါင်းမဲငှက်များ၏ “ရှေ့ပြေးအုပ်စု” ကူမင်းမြို့ တျန်းချီရေကန်သို့ ရောက်ရှိလာ
ကူမင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
မကြာသေးမီရက်များတွင် ဆောင်းခိုရန် လာရောက်ကြသည့် စင်ရော်ခေါင်းမဲငှက်များ၏ “ရှေ့ပြေးအုပ်စု” သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တျန်းချီရေကန်သို့ ပျံသန်းရောက်ရှိလာပြီး ၎င်းတို့ကို ဟိုင်ဟုန် စိမ့်မြေအရပ် ရေပြင်တွင် တွေ့ရှိရသည်။ စင်ရော်ခေါင်းမဲငှက်များသည် တစ်ခါတစ်ရံ ရေကစားရင်း အစာရှာဖွေနေကြခြင်း၊ တစ်ခါတစ်ရံ အတောင်ပံခတ်၍ ပျံသန်းနေကြခြင်းတို့ဖြင့် ခရီးသွားအများအပြားကို ရပ်တန့်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိသည်။ စင်ရော်ခေါင်းမဲငှက်များ တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက်ရောက်ရှိလာသည်နှင့်အမျှ ကူမင်းမြို့၏ စင်ရော်ငှက်ကြည့်ရှုသည့် ရာသီအသစ်သည်လည်း စတင်ခဲ့ပြီဖြစ်သည်။ နှစ်စဉ် ဆောင်းရာသီတွင် စင်ရော်ခေါင်းမဲငှက်များသည် သစ္စာရှိစွာ ရောက်ရှိလာလေ့ရှိပြီး ကူမင်းမြို့၏ ထူးခြားလှပသော ဆောင်းရာသီ ရှုခင်းတစ်ခုဖြစ်ရုံသာမက မြို့ခံပြည်သူများနှင့် ခရီးသွားအများအပြား မျှော်လင့်စောင့်စားနေကြသည့် ဆောင်းရာသီ တွေ့ဆုံမှုလည်းဖြစ်သည်။ (Xinhua)
......................................
(Chinese Version)
红嘴鸥“先头部队”抵达昆明滇池
近日,越冬红嘴鸥“先头部队”飞抵昆明滇池,现身海洪湿地水域。红嘴鸥或游弋觅食,或振翅飞翔,吸引不少游客驻足观赏。随着红嘴鸥陆续抵达,昆明新一季观鸥季也拉开帷幕。每年冬天,红嘴鸥如约而至,既是昆明冬日的一道独特风景,也是不少市民游客期待的冬日之约。








