နင်းဝူ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရွှေရောင် အောက်တိုဘာလတွင် တောင်တန်းများသည် အရောင်အသွေးစုံလင်သော သစ်တောများဖြင့် ဖုံးလွှမ်းလှပနေသည်။ တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ် နင်းဝူမြို့ လူရာတောင်၏ တစ်နှစ်တာအတွင်း အလှပဆုံးအချိန်ကို ရောက်ရှိလာပြီး ရောင်စုံခြယ် တောအထပ်ထပ် တောင်အသွယ်သွယ်နှင့် ဖြူလွှလွှ တိမ်ပင်လယ်ကလည်း အံ့မခမ်းလှပသည့် တောင်ထွတ်များနှင့် အလှချင်းပြိုင်နေပါတော့သည်။ ရောင်စဉ်ဖြာသည့် ဟေမာန်ဆောင်းဦး၌ တောင်တန်းများသည် ရောင်စုံကမ္ဗလာလွှမ်းခြုံ၍ ကျင့်ပေဒေသ၏အလှက ခမ်းနားလှသော ဂေဟစနစ်ကို ပန်းချီကားတစ်ချပ်အလား အလှဆင်နေပါသည်။

မကြာမီနှစ်များအတွင်းက ဆန်းရှီးပြည်နယ် ရှင်းကျိုး မြို့တော် နင်းဝူခရိုင်တွင်  ဂေဟစနစ်ကို စဉ်ဆက်မပြတ် အခိုင်အမာ ထိန်းသိမ်းရင်း  စိမ်းလန်းသည့်တောတောင်၊ ရေကြည်ချမ်းမြသဘာဝတို့ကို စောင့်ရှောက်လျက်ရှိပါသည်။ ဤကဲ့သို့ သာယာလှပ၊ ကောင်းမွန်လွန်းလှသည့် ဂေဟစနစ် အရင်းအမြစ်များဖြင့် စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ကို ပေါင်းစပ်လုပ်ကိုင်သည့်အချိန်တွင် ရေမြေတောတောင် သဘာဝအလှတရားမှသည် လက်တွေ့ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်တစ်ခု ဖြစ်လာပါတော့သည်။ (Xinhua)

.........................................

(Chinese Version)

山西宁武:金秋十月 层林尽染

金秋十月,层林尽染。山西宁武芦芽山迎来一年中最绚烂的时节,漫山彩林叠翠流金,云海与奇峰相映成趣,斑斓秋色铺展于群山之间,勾勒出晋北大地壮美灵动的生态画卷。近年来,山西省忻州市宁武县持续筑牢生态屏障,守护绿水青山,依托优良的生态资源,推动农文旅深度融合,让秀美山水转化为可观可感的发展动能。