အစိမ်းရောင် ဧရာမစက်ဝိုင်းပုံစံများက မည်သည်တို့နည်း
ရှင်းကျန်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)ထူးခြားဆန်းပြားသည့် စက်ဝိုင်းပုံစံ ကောက်ပဲသီးနှံ စိုက်ခင်းများဖြစ်ပါသလား။ စင်စစ်အားဖြင့် ထိုသို့ စိမ်းစိုလန်းဆန်းနေသည့် နေရာများမှာ တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ကျီမုနိုင် ခရိုင်၏ သီးနှံရိတ်သိမ်းချိန်အတွင်း အယ်လ်ဖာဖာပင် စိုက်ခင်းများပင်ဖြစ်သည်။ နေရောင်ခြည်နှင့် အေးမြသော နွေရာသီညများက အဆိုပါခရိုင်အနှံ့ရှိ ခြံမွေးတိရစ္ဆာန်များအတွက် အာဟာရဓာတ်ပြည့်ဝသော အစားအစာများ ထုတ်လုပ်မှုကို အထောက်အကူပြုလျက်ရှိသည်။ (Xinhua).........................................................