ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ ရုံးချုပ်အပြင်၌ ဥရောပသမဂ္ဂ အလံအား ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ ရုံးချုပ်အပြင်၌ ဥရောပသမဂ္ဂ အလံအား ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက ရုရှားနိုင်ငံအပေါ် တစ်ကြိမ်တည်းဖြင့် အကြီးမားဆုံးသော ပိတ်ဆို့အရေးယူမှုစာရင်းကို လူဇင်ဘက်မြို့၌ အောက်တိုဘာ ၁၂ ရက်က ကျင်းပသော အစည်းအဝေး၌ အတည်ပြုခဲ့ကြသည်။ အဓိကအားဖြင့် ရုရှား စစ်ဘက်ဆိုင်ရာ စက်မှုနယ်ပယ်နှင့်သက်ဆိုင်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း စုစုပေါင်း ၁,၆၀၀ နီးပါး အသစ် ထပ်တိုးခဲ့သည်။

ဥရောပသမဂ္ဂ ကောင်စီက ယခုအချိန် ထပ်တိုးထားသော ပိတ်ဆို့အရေးယူမှု ပစ်မှတ်များတွင် ရုရှား ကုမ္ပဏီလုပ်ငန်း ၈၂၆ ခုနှင့် ထို ကုမ္ပဏီလုပ်ငန်းများ၏ အမှုဆောင်အရာရှိ (CEO) အဖြစ် တာဝန်ထမ်းဆောင်နေသော လူပုဂ္ဂိုလ် ၇၄၃ ဦး ပါဝင်ပြီး ပိတ်ဆို့အရေးယူမှုသည် ရုရှား စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း၏ အလယ်အလတ် ထောက်ပံ့ရေးကွင်းဆက်ကို အထူး ပစ်မှတ်ထားကြောင်း ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။ ထိုကုမ္ပဏီလုပ်ငန်းများသည် ရုရှား၏ ဒုံးကျည်၊ ဒရုန်းနှင့် လေယာဉ် စသည့် လက်နက်စနစ်များအတွက် အဓိကကျသော အစိတ်အပိုင်းများကို ထောက်ပံ့ပေးပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ မိုက်ခရိုဆားကစ် (Microcircuit)၊ ဆက်သွယ်ရေးပစ္စည်း၊ ရေဒါ၊ လေကြောင်းနှင့် အာကာသနည်းပညာ၊ ခဲယမ်းမီးကျောက်၊ အလင်းပစ္စည်းနှင့် လမ်းညွှန်စနစ်များ စသည့် နယ်ပယ်များကို ပါဝင်ခြင်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ၏ လက်ရှိ စည်းမျဉ်းများအရ ပိတ်ဆို့အရေးယူခံရသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ဥရောပသမဂ္ဂ နယ်မြေအတွင်း ပိုင်ဆိုင်မှုများကို ထိန်းသိမ်းပိတ်ဆို့မည်ဖြစ်ပြီး ၎င်းတို့ထံ အရင်းအနှီး သို့မဟုတ် စီးပွားရေးအရင်းအမြစ်များ ပံ့ပိုးပေးခြင်းကို ဥရောပသမဂ္ဂဘက်မှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ တားမြစ်မည်ဖြစ်သည်။ စာရင်းသွင်းခံရသော လူပုဂ္ဂိုလ်များသည် ဥရောပသမဂ္ဂသို့ ခရီးသွားလာခွင့် ပိတ်ပင်ခံရမှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ခံရမည်ဖြစ်သည်။

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် Kallas က ယခုအကြိမ် ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်သူ ထက်ဝက်ကျော်သည် ရုရှား၏ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှု ကွင်းဆက်နှင့် သက်ဆိုင်ပြီး လက်ရှိတွင် ရုရှားအပေါ် ဖိအားကို အဆင့်တိုးမြှင့်သင့်ကြောင်း ထိုနေ့တွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ ဘရပ်ဆဲလ်မြို့တွင် ထိပ်သီးအစည်းအဝေး ကျင်းပရန် စီစဉ်ထားပြီး ယူကရိန်းအား ဆက်လက် ထောက်ခံရေး စသည့် ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။ (Xinhua)

............................................

(Chinese Version)

欧盟成员国外长通过针对俄军工产业近1600项制裁名单

新华社布鲁塞尔10月12日电(记者张兆卿 陈颖)欧盟成员国外长12日在卢森堡举行的会议上通过对俄罗斯单次最大规模制裁名单,新增近1600名个人和实体,主要涉及俄军工领域。  

欧盟理事会当天发表声明称,此次新增制裁对象包括826家俄罗斯企业和担任这些企业首席执行官的743名个人,制裁专门针对俄军工产业的中游供应商。声明称,这些企业为俄导弹、无人机和飞机等武器系统提供关键零部件,涉及半导体、微电路、通信设备、雷达、航空航天、弹药以及光学和导航系统等领域。  

根据欧盟现行规定,被制裁的个人和实体在欧盟境内资产将被冻结,欧盟方面禁止直接或间接向其提供资金或经济资源。被列名的个人还将受到欧盟旅行禁令限制。  

欧盟外交与安全政策高级代表卡拉斯当天称,此次制裁名单中超过一半的对象涉及俄弹道导弹生产链,当前应进一步加大对俄施压。  

欧盟领导人将于15日至16日在布鲁塞尔举行峰会,讨论继续支持乌克兰等问题。(完)

图说:这是2025年4月2日在比利时布鲁塞尔欧盟总部外拍摄的欧盟旗帜。新华社记者赵丁喆摄