တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဂျပန် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (JAPIT) ဥက္ကဋ္ဌ Takeshi Iwaya တို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဂျပန် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (JAPIT) ဥက္ကဋ္ဌ Takeshi Iwaya တို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အောက်တိုဘာ ၁၂ ရက်တွင် တရုတ်-ဂျပန်ဆက်ဆံရေးနှင့် စပ်လျဉ်း၍ မေးမြန်းမှုကို ဖြေကြားရာ၌ ပြဿနာ၏ အရင်းခံနှင့် လက်တွေ့အကြောင်းအရာသည် ဂျပန်လက်ရှိအာဏာရပုဂ္ဂိုလ်၏ သမိုင်းအမြင်၊ တရုတ်နိုင်ငံအပေါ်အမြင်များ ဆိုးရွားစွာ ကွဲလွဲမှုနှင့် မှားယွင်းမှုများ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး တရုတ်-ဂျပန်ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆိုးရွားစွာပျက်ပြားစေကြောင်း၊ တရုတ်-ဂျပန်ဆက်ဆံရေး လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်ရေးတွန်းအားပေးရန် ဂျပန်နိုင်ငံတွင်တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာသေးမီက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ဂျပန် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (JAPIT) ဥက္ကဋ္ဌ Takeshi Iwaya သည် တရုတ်နိုင်ငံသို့ ခရီးစဉ် သွားရောက်ပြီးနောက် တရုတ်-ဂျပန်ဆက်ဆံရေး ဆိုးရွားလာသည့် အကြောင်းရင်းမှာ ဂျပန်နိုင်ငံကြောင့်ဖြစ်ပြီး ဂျပန်အစိုးရအနေဖြင့် ကောင်းမွန်အောင် နည်းလမ်းရှာဖွေ ပြင်ဆင်သင့်ကြောင်း၊ ဂျပန်နိုင်ငံပြည်တွင်းတွင်လည်း သမိုင်းတာဝန်ကို တိမ်းရှောင်သည့် လုပ်ရပ်ကြောင့် တရုတ်နိုင်ငံအပေါ် ထားရှိသော ဂျပန်၏ မူဝါဒသည် လမ်းမှားသို့ ရောက်ရှိနေသည်ဟု ဝေဖန်သည့် အသံများရှိနေပြီး ဂျပန်အစိုးရအနေဖြင့်  ပြဿနာများကို တည့်မတ်စွာရှုမြင်ကာ ဖြေရှင်းရန် တိုက်တွန်းနေကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

မော်နင်က အဆိုပါသဘောထား ဖော်ပြချက်များသည် ဂျပန်နိုင်ငံ ပြည်တွင်း အမြော်အမြင်ရှိသူများ၏ ကျိုးကြောင်းဆီလျော်မှုနှင့် ဆင်ခြင်တုံတရားရှိမှုကို ဖော်ပြနေသဖြင့် တရုတ်နိုင်ငံက အပြုသဘောဆောင်စွာ မှတ်ချက်ပြုလိုပါကြောင်း၊ ၎င်းတို့ပြောသကဲ့သို့ပင် ပြဿနာ၏ အရင်းခံနှင့် လက်တွေ့အကြောင်းအရာသည် ဂျပန်လက်ရှိအာဏာရပုဂ္ဂိုလ်၏ သမိုင်းအမြင်၊ တရုတ်နိုင်ငံအပေါ်အမြင်များ ဆိုးရွားစွာ ကွဲလွဲမှုနှင့် မှားယွင်းမှုများ ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဆိုးရွားစွာပျက်ပြားစေကြောင်း၊ အဆိုပါအခြေအနေသည် နှစ်ဖက်အကျိုးစီးပွားနှင့် မကိုက်ညီသလို တာဝန်သည်လည်း ဂျပန်၏လက်ထဲတွင် အပြည့်အဝရှိကြောင်း၊ တရုတ်-ဂျပန်ဆက်ဆံရေး လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးရန် ဂျပန်နိုင်ငံ၏တာဝန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဂျပန်နိုင်ငံ လက်ရှိအာဏာရပုဂ္ဂိုလ်အနေနဲ့ ပြည်တွင်းမှန်ကန်သောအသံများကို နားဆင်ပြီး ပြဿနာ၏ အရင်းခံကို တည့်မတ်စွာရှုမြင်ကာ တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်း လေးရပ်ကို လိုက်နာ၍ ထိုင်ဝမ်၊ သမိုင်း၊ တရုတ်နိုင်ငံအပေါ် နားလည်သိရှိမှု စသည့် အရေးကိစ္စများတွင် ပြန်လည်ဆင်ခြင်သုံးသပ်ကာ အမှားကို ပြင်ဆင်ဖို့ ကျွန်မတို့ တိုက်တွန်းလိုက်ပါတယ်” ဟု မော်နင်က ဆိုခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部:推动中日关系重回正轨 球在日本一方

新华社北京10月12日电(记者马卓言、万倩仪)外交部发言人毛宁12日在回答有关中日关系的提问时表示,问题的根源和实质在于日本当政者的历史观、中国观出现严重偏差和谬误,严重破坏中日关系政治基础。要推动中日关系重回正轨,球当然也在日本一方。  

当日例行记者会上,有记者问:近日,日本前外相、国际贸易促进协会会长岩屋毅访华后表示,导致中日关系恶化的原因在日方,日本政府应设法改善。日本国内也有声音批评逃避历史责任的做法导致日对华政策误入歧途,呼吁日本政府正视并解决问题。请问中方对此有何评论?  

毛宁说,这些表态体现了日本国内有识之士的理性和良知,中方予以积极评价。正如他们所说,问题的根源和实质在于日本当政者的历史观、中国观出现严重偏差和谬误,严重破坏中日关系政治基础。这样的局面不符合双方利益,责任完全在日本一方。要推动中日关系重回正轨,球当然也在日本一方。  

“我们敦促日本当政者倾听和重视国内正义之声,正视问题根源,恪守中日四个政治文件,在台湾、历史、对华认知等问题上切实反思纠错。”毛宁说。(完)

图说:9月28日,中共中央政治局委员、中央外办主任王毅在北京会见日本国际贸易促进协会会长岩屋毅。 新华社记者 殷博古 摄