ချိန်တူး၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ရွှေဝါရောင် ဆောင်းဦးရာသီတွင် တရုတ်နိုင်ငံ ချိန်တူးမြို့ တူးကျန်းယန့် ဆည်မြောင်းဧရိယာ စီယန်မြို့နယ်ရှိ တရုတ်မူ (Mu) တစ်ထောင်ကျော်ရှိသော စပါးစိုက်ခင်းများတွင် စပါးလှိုင်လှိုင်ပေါ်သည့် ရိတ်သိမ်းချိန်ရောက်ရှိနေပြီဖြစ်သည်။ ခေတ်မီစပါးရိတ်သိမ်းစက်များ လယ်ကွင်းများအတွင်း ဥဒဟိုသွားလာလုပ်ကိုင်နေကြပြီး စပါးအပြည့်တင်ထားသောယာဉ်များကလည်း လူးလာဆန်ခတ် သယ်ယူပို့ဆောင်လျက် ရှိသည်။ ဆည်မြောင်းကွန်ရက်များသည် လယ်ကွက်များကို ဝန်းရံထားပြီး ထျန်းဖူ စပါးကျီ၏ ခေတ်မီစပါးစိုက်ပျိုးရေးလုပ်ငန်း၏ သက်ဝင်လှုပ်ရှား၍ အစီအစဉ်တကျရှိနေသည့် ပုံရိပ်ကို ဖော်ကျူးပြသနေပါသည်။ (Xinhua)