တီဟီရန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အီရန်ဘက်က ဟော်မုဇ်ရေလက်ကြား ‌ပြန်လည်ဖွင့်လှစ်ရန်အတွက် အဆိုပြုထားသော တောင်းဆိုချက်အချို့ကို အမေရိကန်က လက်ခံပြီးဖြစ်ကြောင်း၊ သို့သော် အီရန်ဘက်က အဆိုပြုထားသော အခြားတောင်းဆိုချက်များအတွက်မူ လတ်တလော အခြေအနေ သဲကွဲစွာမသိရသေးကြောင်း အီရန်အဆင့်မြင့် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Mohsen Rezaei က အောက်တိုဘာ ၁၁ ရက်တွင် ပြောဆိုခဲ့သည်။

အီရန် Press TV က အောက်တိုဘာ ၁၁ ရက်တွင် ထုတ်လွှင့်သော တွေ့ဆုံမေးမြန်းမှုအတွင်း Mohsen Rezaei က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အီရန်-အမေရိကန်၏ လတ်တလောကာလ ချိတ်ဆက်ညှိနှိုင်းမှု အခြေအနေကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့နှစ်လအတွင်းမှာ အမေရိကန်က ပါကစ္စတန်၊ ကာတာ၊ အီရတ် စတဲ့ မတူညီတဲ့ လမ်းကြောင်းသုံးခုကနေ အီရန်ကို အဆိုပြုချက် တင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။ အီရန်က အမေရိကန်ဘက်ကို တောင်းဆိုချက် ၇ ရပ် အဆိုပြုခဲ့ပြီး အမေရိကန်အနေနဲ့ ဒီတောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အမေရိကန်အတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ပေးမှာ မဟုတ်သလို မည်သည့်ဆွေးနွေးညှိနှိုင်းမှုကိုမျှလည်း လုပ်ဆောင်မှာ မဟုတ်တဲ့အကြောင်း အတိအလင်း အသိပေးခဲ့ပါတယ်” ဟု Mohsen Rezaei က ဆိုခဲ့သည်။

အမေရိကန်ဘက်က ယခုအခါ တုံ့ပြန်မှုများလုပ်ဆောင်ခဲ့သော်လည်း “ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူးလို့ အီရန်ဘက်က ယူဆပါတယ်” ဟု Mohsen Rezaei က ပြောကြားခဲ့သည်။ အမေရိကန်ဘက်အနေဖြင့်  မသဲကွဲသောအချက်အချို့ကို မဖြစ်မနေ ရှင်းလင်းပြောကြားရမည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်အတွက် အမေရိကန်၏ အီရန်အပေါ် သံသယမကင်းဖြစ်သည့်အချက်များအား ဖယ်ရှားပေးနိုင်ခြင်း ရှိ၊ မရှိကို အီရန်က ထပ်မံ စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

အမေရိကန်က အီရန်အပေါ် ကျူးကျော်မှု ထပ်မံလုပ်ဆောင်ပါက အဓိကအချက်အလက်စနစ်နှင့် ဉာဏ်ရည်တု (AI) အဆောက်အဦ အပါအဝင် အနောက်အာရှဒေသရှိ အမေရိကန်၏ ပိုင်ဆိုင်မှုများသည် တိုက်ခိုက်မှုပစ်မှတ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ စစ်မက်မီးလျှံများ ထပ်မံလောင်ကျွမ်းလာပါက အီရန်အနေဖြင့် စစ်ရေးစွမ်းရည်အသစ်အား ပြသရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း Mohsen Rezaei က ဆိုခဲ့သည်။

ဟော်မုဇ်ရေလက်ကြားသည် ဖွင့်လှစ်ထားသော အနေအထားတွင် ရှိသည်ဟူသော အမေရိကန်၏ ပြောဆိုချက်ကိုလည်း Mohsen Rezaei က ချေပပြောဆိုခဲ့သည်။ အချို့သောသင်္ဘောများက မှောင်ခိုကွန်ရက်မှတစ်ဆင့် သွားလာလှုပ်ရှားနေကြကြောင်း၊ ရေလက်ကြား၏ လက်ရှိ သင်္ဘောဖြတ်သန်းသွားလာမှု ပမာဏသည် စစ်ပွဲမတိုင်မီကထက် များစွာလျော့နည်းကြောင်း၊ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား၏ စီမံခန့်ခွဲခွင့်ကို ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်ကြောင်း၎င်းက ဆိုခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

伊朗称美国已接受伊方所提部分条件

新华社德黑兰10月11日电(记者沙达提)伊朗最高国家安全委员会秘书穆赫辛·雷扎伊11日表示,美国已接受伊朗就重新开放霍尔木兹海峡所提出的部分条件,但就伊朗提出的其他条件,目前情况尚不明朗。  

在伊朗新闻电视台11日播放的采访中,雷扎伊作出上述表态并详细阐述了伊美近期沟通情况。  

雷扎伊说:“过去两个月里,美方通过巴基斯坦、卡塔尔、伊拉克三个不同渠道,要求伊朗提出提议。伊朗向美方提出7项条件,并明确告知美方,除非满足这些条件,否则不会向其开放霍尔木兹海峡,也不会进行任何谈判。”  

雷扎伊说,美方现已作出回应,“但伊朗认为力度不足”。他强调,美方必须澄清一些模糊之处,伊朗需要观察美方能否消除伊方疑虑,以便展开后续工作。  

雷扎伊称,如果美国再次对伊朗发动侵略,美在西亚地区的资产,包括关键数据系统和人工智能设施,将成为打击目标。伊朗已准备好在战火重燃时展示新的军事能力。  

雷扎伊还驳斥美国有关霍尔木兹海峡处于开放状态的说法。他称,一些船只通过走私网络进行活动,海峡目前航运量仍远低于战前水平,伊朗将继续掌控霍尔木兹海峡管理权。(完)

图说:这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者温新年摄