နင်းရှ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဝိုင်ထုတ်လုပ်ရာအဓိကဒေသဖြစ်သည့် နင်းရှဒေသ ရင်ချွမ်းမြို့တွင် ၄၇ ကြိမ်မြောက် ကမ္ဘာ့ စပျစ်နှင့် ဝိုင်ညီလာခံကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့သည်။

နှစ်ပေါင်းတစ်ရာအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံနှင့် အာရှဒေသတွင် ကျင်းပသော ယခုညီလာခံကို နိုင်ငံတကာစပျစ်နှင့် ဝိုင်လုပ်ငန်းအဖွဲ့ကြီး (OIV) ၏ ၂၄ ကြိမ်မြောက် အထွေထွေညီလာခံနှင့်အတူ ပူးတွဲကျင်းပခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ OIV အဖွဲ့ဝင် ၅၁ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာသံတမန်များအပါအဝင် တက်ရောက်သူ ၈၀၀ ကျော် စုဝေးရောက်ရှိခဲ့ကြသည်။

နင်းရှဒေသတွင် ဝိုင်ထုတ်လုပ်ရေး စက်ရုံ ၁၃၀ အပါအဝင် ဝိုင်လုပ်ငန်း ၂၆၁ ခု တည်ရှိပြီး နှစ်စဉ် ဝိုင်ပုလင်း သန်း ၁၄၀ ထုတ်လုပ်လျက်ရှိကာ ထိုပမာဏမှာ တရုတ်နိုင်ငံတစ်ဝန်း စုစုပေါင်း ထုတ်လုပ်မှု၏ ၄၂ ရာခိုင်နှုန်းနီးပါး  ရှိကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Global vine, wine congress kicks off in northwest China's Ningxia

NINGXIA, Oct. 12 (Xinhua) --The 47th World Congress of Vine and Wine opened today in Yinchuan, Ningxia, China's top wine-producing area.

For the first time in a century, the Congress comes to China and Asia, held alongside the 24th General Assembly of the International Organization of Vine and Wine (OIV).

The event has drawn over 800 participants, including delegates from 51 OIV member states and diplomatic envoys to China from 25 countries.

Home to 261 wine enterprises, including 130 wineries, Ningxia produces 140 million bottles of wine annually, nearly 42 percent of China's total.