
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
“ခရီးစဉ်သစ် စတင်မှု - အပြန်အလှန်တွေ့ဆုံ၍ အနာဂတ်ဆီသို့ တက်လှမ်းခြင်း” အဓိကအကြောင်းအရာဖြင့် တရုတ်-အမေရိကန် လူငယ်များ ဖလှယ်ခြင်းလှုပ်ရှားမှုကို အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ပညာရေးဆိုင်ရာ နိုင်ငံတကာဖလှယ်မှုအသင်း (CEAIE) မှ အောက်တိုဘာ ၁၂ ရက်က သိရသည်။
တရုတ်-အမေရိကန် နှစ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၂၀၀ သည် အဓိကအကြောင်းအရာ လေ့လာရေးခရီးစဉ်၊ စကားဝိုင်းဖိုရမ် စသည့် ပုံစံများဖြင့် မျက်နှာချင်းဆိုင် ဖလှယ်ပြီး အပြန်အလှန် နားလည်သိရှိမှုနှင့် ချစ်ကြည်ရင်းနှီးသော သံယောဇဉ်ကို မြှင့်တင်သွားမည်ဖြစ်သည်။
တရုတ်-အမေရိကန် လူငယ်များသည် “ကုန်ထုတ်လုပ်မှု တိုးတက်ကောင်းမွန်ခြင်း - အသွင်ကူးပြောင်းမှုနှင့် အတူရှင်သန်တည်ရှိမှု” ၊ “ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်ခြင်း - စီမံခန့်ခွဲမှုနှင့် နွေးထွေးမှု” ၊ “နည်းပညာ တိုးတက်ကောင်းမွန်ခြင်း - ဆန်းသစ်တီထွင်မှုနှင့် တာဝန်ယူမှု” ၊ “လက်ဆင့်ကမ်းမှု တိုးတက်ကောင်းမွန်ခြင်း - စောင့်ရှောက်မှုနှင့် ရှင်သန်မှုဘဝသစ်” ဟူသော အဓိကအကြောင်းအရာလေးခုဖြင့် ကျုံးကွမ်းချွမ်း အမျိုးသား ကိုယ်ပိုင်ဆန်းသစ်တီထွင်မှု စံပြဇုန် နမူနာပြစင်တာ၊ ပေကျင်းမြို့ စီမံရေးဆွဲမှုပြခန်း၊ ချင်းဟွာကျောင်းဆောင်သစ်၊ တရုတ်အမျိုးသားပြတိုက် စသည်တို့ကို သွားရောက်လေ့လာ ကြည့်ရှုကြမည်ဖြစ်ရာ သွားလာမှုအတွင်း လေ့လာပြီး ဆွေးနွေးမှုအတွင်း တိုးတက်မှုများ ရရှိကြမည်ဖြစ်သည်။
လှုပ်ရှားမှုကာလအတွင်း တရုတ်-အမေရိကန် လူငယ်များ စကားဝိုင်းဖိုရမ်လည်း ကျင်းပမည်ဖြစ်ရာ ယခုအကြိမ် လေ့လာဖလှယ်ရေးလှုပ်ရှားမှုနှင့် လတ်တလောနှစ်ပိုင်းအတွင်း အမေရိကန်လူငယ်များ တရုတ်နိုင်ငံသို့ လာရောက်၍ ကာလတိုသင်ကြားဖလှယ်မှုအတွင်း အပြုသဘောဆောင်သော ရလဒ်များ ရရှိခြင်းကို ပုံပြင်အကြောင်းအရာပုံစံဖြင့် တင်ဆက်ဖော်ပြသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံ ပညာရေးဆိုင်ရာ နိုင်ငံတကာဖလှယ်မှုအသင်း (CEAIE) နှင့် ပေကျင်းတက္ကသိုလ်တို့မှ ပူးပေါင်းကျင်းပသည့် အဆိုပါလှုပ်ရှားမှုသည် "နောင် ၅ နှစ်တွင် တရုတ်နိုင်ငံသို့ အမေရိကန် ဆယ်ကျော်သက်လူငယ် ၁၀၀,၀၀၀ လာရောက်၍ လေ့လာဖလှယ်သင်ယူရန် ဖိတ်ကြားခြင်း” အစီအစဉ်ကို တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ပြီး တရုတ်-အမေရိကန်လူငယ်များ စိတ်တူကိုယ်တူလျှောက်လှမ်းမှုကို တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးလုပ်ငန်းအတွက် လူငယ်အင်အားများ စုစည်းပေးရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
中美青少年在主题交流活动中架设友谊之桥
新华社北京10月12日电(记者王明玉)记者12日从中国教育国际交流协会获悉,以“启新程——遇见彼此,共赴未来”为主题的中美青少年主题交流活动于10月12日至14日在北京举行。中美两国200名学生将通过主题参访、圆桌论坛等形式面对面交流,增进相互了解和友好情谊。
据介绍,中美青少年将围绕“产业向善:转型与共生”“民生向善:治理与温度”“科技向善:创新与责任”“传承向善:守护与新生”4个主题,参访中关村国家自主创新示范区展示中心、北京市规划展览馆、新清华学堂、中国国家博物馆等,在行走中观察、于对话中成长。活动期间还将举行中美青年圆桌论坛,以故事形式展示本次参访交流活动和近年来美国青少年来华进行长短期交流学习取得的积极成果。
活动由中国教育国际交流协会、北京大学共同举办,旨在响应“未来5年,中方将邀请10万名美国青少年来华交流学习”,促进更多中美青少年双向奔赴,为两国友好事业汇聚青春力量。(完)
图说1:2025年5月26日,在中国北京,美国华盛顿州林肯高中女子腰旗橄榄球队队员同北京市十一学校学生进行橄榄球交流活动后合影留念。 新华社记者 李贺 摄
图说2:10月8日,在美国纽约,来自中国和美国的合唱团成员在音乐会上演出。新华社记者 张凤国 摄








