ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှု လုပ်ဆောင်နေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)
ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှု လုပ်ဆောင်နေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟွာကျုံး သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ထုန်ကျိဆေးပညာကျောင်း ပူးတွဲသည့် ရှယ်ဟယ်ဆေးရုံမှ ပါမောက္ခ ကျန်းရှောင်ပင်း၏ ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာ (BCI) အဖွဲ့နှင့် ကုမ္ပဏီတို့ ပူးပေါင်း၍ တရုတ်နိုင်ငံ ပြည်တွင်း၌ ပထမဆုံး လမ်းကြောင်းမြင့် Matrix based လုပ်ဆောင်ချက်အသွင် လျှပ်စစ်လှုံ့ဆော်မှု လုပ်ဆောင်သော ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာဖြင့် အသေးစိတ်လှုပ်ရှားမှု လုပ်ဆောင်ချက်များ ပြန်လည်သန်စွမ်းရေးစနစ်ကို တည်ဆောက်ခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် အဆိုပါဆေးရုံက သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၃၉ နှစ်အရွယ် ကိုယ်ခန္ဓာတစ်ခြမ်း အကြောသေသောလူနာက အဆိုပါ ကွန်ပျူတာထိန်းချုပ်သော လုပ်ဆောင်ချက်အသွင် လျှပ်စစ်လှုံ့ဆော်မှုနည်းပညာ၏ အားဖြည့်ကူညီမှုကြောင့် ထိခိုက်ပျက်စီးထားသော ညာဘက်လက်မှာ လက်ချောင်းများ ကွေးနိုင်ဆန့်နိုင်မှု လုပ်ဆောင်လာနိုင်ပြီး “Twinkle, Twinkle, Little Star” စသည့် လွယ်ကူသော သီချင်းသံစဉ်များကိုပင် အောင်မြင်စွာ တီးခတ်နိုင်ခဲ့သည်။

အဆိုပါစနစ်တွင် ထည့်သွင်းထားခြင်းမဟုတ်သော ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာ (BCI) နှင့် လုပ်ဆောင်ချက်အသွင် လျှပ်စစ်လှုံ့ဆော်မှုနည်းပညာကို ဆန်းသစ်တီထွင်စွာ ပေါင်းစည်းထားပြီး “အတွေးအခေါ်အာရုံအား အဓိပ္ပာယ်ဖွင့်ဆိုမှု - တိကျစွာ လျှပ်စစ်ဖြင့်လှုံ့ဆော်မှု - ကြွက်သားများကျုံမှု -လုပ်ဆောင်ချက်အား လုပ်ကိုင်ခြင်း - ခံစားထိတွေ့နိုင်သော ကိုယ်အင်္ဂါမှ တုံ့ပြန်မှုပေးခြင်း” စသည့် ကွင်းဆက်အပြည့် အာရုံကြော ပြန်လည်သန်စွမ်းရေးလမ်းကြောင်းကို တည်ဆောက်လိုက်သည်။

ထိုသို့အားဖြင့် ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှု ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှုကို လက်ချောင်း တစ်ချောင်းချင်းနှင့် လက်ချောင်းများစွာ ညှိနှိုင်းလုပ်ဆောင်ရသည့် အသေးစိတ်လက်ချောင်းလှုပ်ရှားမှု လေ့ကျင့်ရေးအထိ တိုးချဲ့လိုက်ပြီး အာရုံကြောရောဂါ သက်ဆိုင်ရာ လှုပ်ရှားမှု အတားအဆီးရှိသော လူနာများက အသေးစိတ်လှုပ်ရှားမှုဆိုင်ရာ ပြန်လည်တည်ဆောက်ရေးအတွက် မျှော်လင့်ချက်အသစ်များ ဆောင်ကြဉ်းပေးလျက်ရှိပေသည်။ (Xinhua)

---------------------

(Chinese Version)

国内首创脑控矩阵式功能性电刺激技术 助力偏瘫患者重建精细运动功能

新华社照片,武汉,2026年10月12日

10月12日,华中科技大学同济医学院附属协和医院对外公布,该院姜晓兵教授脑机接口团队联合企业研发国内首个基于高通道矩阵式电刺激的脑机接口精细运动重建系统。一位39岁偏瘫患者在该脑控功能性电刺激技术辅助下,受损右手实现手指屈伸,成功弹奏《小星星》等简单乐曲。

该系统创新性融合非侵入式脑机接口与功能性电刺激技术,构建“意念解码-精准电刺激-肌肉收缩-动作执行-感官反馈”的闭环神经康复通路,将脑机接口康复训练拓展至单指、多指协同的精细手指动作训练,为神经系统疾病相关运动功能障碍的患者重建精细运动功能带来新的希望。

图说1:10月12日,患者在康复训练间隙。 新华社记者 伍志尊 摄

图说2:10月12日,护士与患者交谈康复训练内容。新华社记者 伍志尊 摄