
တုန်းနင် (ဟေးလုံကျန်း)၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် တုန်းနင်မြို့ရှိ ဆိုက်ဘေးရီးယားကျားနှင့် အာမာကျားသစ် အမျိုးသားဥယျာဉ် သိပ္ပံပညာပေး သင်ကြားမှုစင်တာသည် “တိရစ္ဆာန်ခံစားချက်ရှုထောင့်” ဟူသော ထူးခြားချက်ဖြင့် ကိုယ်တိုင်ပါဝင်ခံစားနိုင်သော သဘာဝပတ်ဝန်းကျင် ဂေဟဆိုင်ရာ သိပ္ပံပညာပေးပြတိုက်တစ်ခုဖြစ်သည်။
ပြခန်းတွင် ကျားနှင့် ကျားသစ်တို့၏ ခံစားချက်ကို အဓိကထားက အမျိုးစုံလင်သော အပြန်အလှန် လှုပ်ရှား၍ ကိုယ်တိုင်ပါဝင်ခံစားနိုင်သည့် နေရာများစွာကို တွဲဖက်ထားပေးသဖြင့် လာရောက်လေ့လာသူများသည် ဆိုက်ဘေးရီးယားကျား၊ အာမာကျားသစ်တို့၏ ကျက်စားမှုအကျင့်ဓလေ့၊ အစားအစာကွင်းဆက်၊ ကျက်စားနေထိုင်ရာနေရာ စသည့် ဂေဟစနစ် ဗဟုသုတများကို လေ့လာသိရှိနိုင်သည်။
ထို့ပြင် ဆိုက်ဘေးရီးယားကျားများနှင့် အာမာကျားသစ် အမျိုးသားဥယျာဉ် တည်ထောင်ပြီးနောက် ဆိုက်ဘေးရီးယားကျားများနှင့် အာမာကျားသစ်များအား သဘာဝပတ်ဝန်းကျင်တွင် ထိန်းသိမ်းမှု၊ မျိုးစိတ်အုပ်စုများ တိုးပွားလာစေမှုနှင့် တရုတ်-ရုရှား နယ်စပ်ဖြတ်ကျော် ပူးတွဲထိန်းသိမ်းစောင့်ရှောက်မှု စသည့်ကဏ္ဍများ၌ ရရှိထားသော ရလဒ်များကိုလည်း ဖော်ပြထားကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
美丽中国行|探访东北虎豹国家公园东宁科普宣教中心
新华社照片,东宁(黑龙江),2026年10月12日
位于黑龙江省东宁市的东北虎豹国家公园东宁科普宣教中心是一座以
“动物感官视角”为特色的沉浸式生态科普展馆。展馆以虎豹感官体验为主线,搭配多元化互动体验场景,让参观者沉浸式了解东北虎、东北豹的生态习性、食物链、栖息地等生态知识,展示东北虎豹国家公园建立后在东北虎豹生态保护、种群恢复以及中俄跨境联合保护等方面取得的成果。
图说1:10月12日,观众参观东北虎豹国家公园东宁科普宣教中心。 新华社记者 孙瑞博 摄
图说2:10月12日,在东北虎豹国家公园东宁科普宣教中心,工作人员介绍东北虎相关知识。新华社记者 孙瑞博 摄








