
ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ယန်ဇီမြစ်အတွင်းရှိ ကျွန်းငယ်လေးတစ်ခုပေါ်တွင် နေထိုင်ကြသည့် ဒေသခံများသည် အထူးကုဆရာဝန်နှင့် ပြသရန်အတွက် အခြားတစ်နေရာသို့ သွားရောက်ရန် မလိုအပ်တော့ပေ။ ယခုအခါ ဒေသခံများအနေဖြင့် မြို့နယ်ဆေးပေးခန်း၌ ခေတ်မီဆေးဘက်ဆိုင်ရာပစ္စည်းများဖြင့် ကုသမှုခံယူနိုင်ပြီဖြစ်သကဲ့သို့ အဆိုပါဆေးပေးခန်းသို့ ပုံမှန်လာရောက်ကုသပေးသည့် အဆင့်မြင့်ဆေးရုံကြီးများမှ အထူးကုဆရာဝန်များနှင့်လည်း ဆွေးနွေးတိုင်ပင် ပြသနိုင်ပြီဖြစ်သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျန်းဆူးပြည်နယ် စစ်ယဲ့မြို့နယ်ရှိ ဆေးပေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် လမ်းပြမြေပုံတစ်ခု ချမှတ်ပေးခဲ့သည်။ စစ်ယဲ့ မြို့နယ်သည် ကျေးရွာ ၅ ရွာဖြင့် ဖွဲ့စည်းထားပြီး အမြဲတမ်းနေထိုင်သည့် လူဦးရေ ၁၀,၀၀၀ ကျော် ရှိသည်။
"ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍနဲ့ ပတ်သက်ပြီးတော့ အခြေခံရပ်ရွာအဆင့်ကို ပြောင်းလဲအာရုံစိုက်ပြီး ဒေသခံလူထုဆီ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေ ပိုမိုရောက်ရှိနိုင်အောင် ပံ့ပိုးပေးရမှာဖြစ်သလို မြို့ပြမှာရော ကျေးလက်ဒေသတွေမှာပါ အခြေခံပြည်သူ့ဝန်ဆောင်မှုတွေကို ညီတူညီမျှ ရရှိခံစားနိုင်အောင်လည်း ဆောင်ရွက်ပေးရပါမယ်" ဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပြောကြားခဲ့သည်။
ယင်းသည် ပြည်သူများအတွက် ဘေးကင်းလုံခြုံ၍ ထိရောက်မှုရှိသော၊ လက်လှမ်းမီ၍ ကုန်ကျစရိတ်သက်သာသော အများပြည်သူ ကျန်းမာရေးဝန်ဆောင်မှုများနှင့် အခြေခံဆေးဝါးကုသမှုများ ပံ့ပိုးပေးနိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူများအနေဖြင့် ဒေသန္တရအဆင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ကုန်ကျစရိတ်ကြီးမားမှုတို့ကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်းဖြစ်သည်ဟု ရှီက ဆက်လက်ပြောကြားသည်။
၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက် ကျင်းပပြီးချိန်မှစ၍ သမ္မတရှီအား ဗဟိုပြုသော ပါတီဗဟိုကော်မတီသည် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် မဟာဗျူဟာမြောက် ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည်။ ပါတီဗဟိုကော်မတီသည် “ကျန်းမာသန်စွမ်းသော တရုတ်နိုင်ငံအစီအမံ” ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြှင့်တင်ဖော်ဆောင်သွားရန် အရေးကြီးဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
အဓိက ကဏ္ဍများတွင် သီးသန့်ဦးတည်ချက်ထားကာ မြှင့်တင်ဆောင်ရွက်မှုများမှသည် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် အားလုံးပါဝင်နိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံလာနိုင်သည်အထိ လူဦးရေ ၁.၄ ဘီလီယံကျော်ရှိသော တရုတ်နိုင်ငံသည် အားလုံးပါဝင်နိုင်ပြီး ဟန်ချက်ညီသည့် ကျန်းမာရေးတိုးတက်မှု လမ်းကြောင်းကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့သည်။
ပြည်သူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှု
လွန်ခဲ့သောနှစ်များအတွင်း သမ္မတရှီသည် နိုင်ငံတစ်နံတစ်လျားမှ ကျေးလက်ဒေသများရှိ အခြေခံအဆင့် ဆေးဝါးကုသရေးဌာနများနှင့် ပြည်သူများဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသအခြေအနေများနှင့် ကိုက်ညီသည့် ထိရောက်သော လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့သည်။
နာမကျန်းဖြစ်မှုကြောင့် ပြည်သူများ ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ရောက်ရှိခြင်း သို့မဟုတ် ဆင်းရဲတွင်းသို့ ပြန်လည်ရောက်ရှိသွားခြင်းမှ တားဆီးကာကွယ်ရေး၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ဟန်ချက်ညီ မျှတစေရန် တယ်လီဖုန်း သို့မဟုတ် အွန်လိုင်းမှ ကျန်းမာရေးဆွေးနွေးတိုင်ပင်သည့်စနစ်များ အသုံးပြုရေး၊ ကျေးလက်ဒေသများတွင် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးရေးတို့အပေါ် အလေးထားဆောင်ရွက်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261012/5282b911a51045d9a16d92598f49f357/c.html
.................................
(English Version)
Xi Focus: Xi leads efforts toward building Healthy China
BEIJING, Oct. 11 (Xinhua) -- On a small island in the Yangtze River in eastern China, residents don't need to leave the island to see a medical specialist. They can now access modern medical equipment at the township clinic and consult specialists from higher-level hospitals, who pay regular visits to the facility.
In December 2014, Chinese President Xi Jinping visited the clinic in Shiye Township, Jiangsu Province, outlining a path for advancing rural healthcare. Shiye is home to five villages and more than 10,000 permanent residents.
"We must shift the focus of healthcare to the community level, channel more medical resources to local communities, and promote equal access to basic public services in urban and rural areas," said Xi, who is also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission.
This is to provide people with safe, effective, accessible and affordable public health services and basic medical care, and effectively address the difficulties and high costs people face in accessing medical care at the local level, he added.
Since the 18th CPC National Congress in late 2012, the Party Central Committee, with Xi at the core, has given strategic priority to ensuring people's health. It made the major decision to advance the Healthy China Initiative nationwide.
From targeted advances in key areas to nationwide coverage of inclusive health services that meet basic needs, China, a country of more than 1.4 billion people, has blazed a path of inclusive and balanced health development.
HEALTHCARE FOR ALL
Over the years, Xi has visited grassroots medical institutions and households in rural areas across the country, offering targeted guidance tailored to local conditions.
He has focused on preventing people from falling into or returning to poverty because of illness, using remote consultations to help balance medical resources, and addressing healthcare-related issues in rural areas.
https://english.news.cn/20261012/5282b911a51045d9a16d92598f49f357/c.html
Photo caption: Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, delivers an important speech at a reception to celebrate the 77th anniversary of the founding of the People's Republic of China at the Great Hall of the People in Beijing, capital of China, Sept. 30, 2026. (Xinhua/Xie Huanchi)








