တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ကျိန့်ချင်းဝန်နှင့် ရုရှားနိုင်ငံမှ Mirra Andreeva တို့ အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲစဉ်ပြီးနောက် ဆုပေးပွဲအတွင်း ဆုဖလားနှင့်အတူ မှတ်တရဓာတ်ပုံရိုက်နေသည့် ကျိန့်ချင်းဝန်ကို တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ ကျိန့်ချင်းဝန်နှင့် ရုရှားနိုင်ငံမှ Mirra Andreeva တို့ အောက်တိုဘာ ၁၁ ရက်က ယှဉ်ပြိုင်ကစားသည့် အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲစဉ်ပြီးနောက် ဆုပေးပွဲအတွင်း ဆုဖလားနှင့်အတူ မှတ်တရဓာတ်ပုံရိုက်နေသည့် ကျိန့်ချင်းဝန်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်အနေဖြင့် ယာဘက်ပခုံးဒဏ်ရာကြောင့် လက်ရှိကျင်းပနေသည့် ဝူဟန့်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်လိုက်ကြောင်း WTA က အောက်တိုဘာ ၁၂ ရက်၌ ကြေညာခဲ့သည်။

"ဒီနှစ် ဝူဟန့်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ရတော့မယ့်အတွက် သိပ်ကိုစိတ်မကောင်းဖြစ်မိပါတယ်" ဟု ကျိန့်က WTA မှ ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။ "ဝူဟန့်မြို့ဟာ ကျွန်မရဲ့ တင်းနစ်ကစားသမားဘဝ အိပ်မက်စတင်ခဲ့တဲ့နေရာဖြစ်သလို ဝူဟန့်အိုးပင်းကလည်း WTA 1000 အဆင့်ပြိုင်ပွဲတွေမှာ အောင်မြင်မှုစတင်ရရှိခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ကျွန်မရဲ့ ဇာတိမြို့က ပရိသတ်တွေရှေ့မှာ ယှဉ်ပြိုင်ကစားဖို့ အမြဲတမ်း မျှော်လင့်စောင့်စားခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

"ဒါပေမဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးကတည်းက ယူအက်စ်အိုးပင်း၊ ဘီလီဂျင်း ဘုရင့်ဖလားနဲ့ China Open ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာကြောင့် လွန်ခဲ့တဲ့ တစ်လခွဲလောက်အတွင်းမှာ ပြင်းထန်တဲ့ ပြိုင်ပွဲကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီလိုပြင်းထန်တဲ့ ပြိုင်ပွဲစဉ်တွေအပြီးမှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က သိပ်ကို ပင်ပန်းနွမ်းနယ်နေပါပြီ" ဟု ကျိန့်က ပြောကြားခဲ့သည်။

"လာမယ့်နှစ်မှာ ဝူဟန့်အိုးပင်းပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ အကောင်းဆုံးပုံစံနဲ့ ကွင်းထဲဝင်ရောက်ကစားဖို့ မျှော်လင့်နေပါတယ်" ဟု ၎င်းက ဆိုသည်။

အသက် ၂၄ နှစ်အရွယ် ကျိန့်က အောက်တိုဘာ ၁၁ ရက်၌ ကျင်းပခဲ့သည့် China Open ပြိုင်ပွဲတွင် ၎င်း၏ ပထမဆုံး WTA 1000 ဆုဖလားကို ရရှိခဲ့ပြီး အဆိုပါပြိုင်ပွဲ၌ တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံဆုကို ရရှိသည့် ပထမဆုံး တရုတ်အားကစားသမား ဖြစ်လာခဲ့သည်။

China Open ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သူ Mirra Andreeva ကလည်း အချိန်ဇယား အပြောင်းအလဲကြောင့် ဝူဟန့်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

China's Zheng Qinwen withdraws from Wuhan Open

WUHAN, Oct. 12 (Xinhua) -- China's Zheng Qinwen has withdrawn from the ongoing Wuhan Open due to a right shoulder injury, the WTA announced Monday.

"I'm very sorry to share that I will be withdrawing from this year's Wuhan Open," Zheng said in a statement released by WTA. "Wuhan is where my tennis dream began, and the Wuhan Open is also where I made my breakthrough at the WTA 1000 level. I have always looked forward to competing in front of my hometown fans."

"Since returning from injury, however, I have played a demanding stretch of tennis over the past months and a half, competing at the US Open, the Billie Jean King Cup and the China Open. My body is feeling very fatigued after this intense run of matches."

"I look forward to returning to the Wuhan Open next year and stepping on to the court in my best possible form," she noted.

Zheng, 24, claimed her maiden WTA 1000 trophy at the 2026 China Open on Sunday, becoming the first Chinese player to win the singles title at the tournament.

Mirra Andreeva, the runner-up of the 2026 China Open also quit Wuhan Open due to a change in schedule. ■

Photo caption: Zheng Qinwen poses with the trophy during the awarding ceremony after the women's singles final between Zheng Qinwen of China and Mirra Andreeva of Russia at 2026 China Open tennis tournament in Beijing, China, Oct. 11, 2026. (Xinhua/Sun Fei)