
စင်ကာပူ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့သည့် စင်ကာပူဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် ရက်ဘူးလ်အသင်းမှ မက်စ် ဗာစတက်ပန်က ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး ဖော်မြူလာဝမ်းရာသီ နှောင်းပိုင်းတွင် လက်စွမ်းကောင်းများ ပြန်လည်ရရှိနေမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့သလို မာစီဒီးစ်အသင်းမှ ကီမီ အန်တိုနယ်လီကလည်း တတိယနေရာမှ ပန်းဝင်နိုင်ခဲ့ခြင်းကြောင့် ၂၀၂၆ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် အခြေအနေ ပိုမိုကောင်းမွန်သွားပြီဖြစ်သည်။
၎င်း၏ကစားသမားဘဝတစ်လျှောက် ရှေ့ဆုံးနေရာမှ အကြိမ် ၅၀ မြောက် တာထွက်ခဲ့သည့် ဗာစတက်ပန်သည် မရီနာဘေ ပြိုင်ကွင်းလမ်းကြောင်းတစ်လျှောက် ကွင်းအပတ်တိုင်းတွင် ထိပ်ဆုံးမှဦးဆောင်ထားခဲ့ကာ ဖာရာရီအသင်းမှ ချားလ်စ် လက်ကလဲ၏ရှေ့မှ ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး အန်တိုနယ်လီကမူ နောက်ပိုင်းတွင် ပြိုင်ဘက်များကို တစ်ဟုန်ထိုးကျော်တက်ကာ ဆုပေးပွဲစင်မြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်ကုန်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ဘာရိန်း ဂရင်းပရီနှင့် အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် Singapore Sprint ပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ပြီးနောက် ဗာစတက်ပန်အနေဖြင့် သီတင်းပတ်နှစ်ပတ်အတွင်း ပြိုင်ပွဲသုံးပွဲဆက် အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။
“စင်ကာပူမှာ အနိုင်ရဖို့ အချိန်အတော်လေးစောင့်ခဲ့ရပေမဲ့ ဒီနေ့ပြိုင်ပွဲကတော့ တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်” ဟု အောက်တိုဘာ ၁၀ ရက် တာတိုကားမောင်းပြိုင်ပွဲမတိုင်မီ အဆိုပါပြိုင်ကွင်း၌ တစ်ကြိမ်မျှ ဗိုလ်မစွဲဖူးသေးသည့် ဗာစတက်ပန်က ပြောကြားခဲ့သည်။
“နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအနည်းငယ်ဟာ ကျွန်တော်တို့အတွက် သိပ်ကိုအပြုသဘောဆောင်ခဲ့ပါတယ်။ အဲဒါကို ကြုံတွေ့ရတာ သိပ်ကိုဝမ်းသာစရာကောင်းသလို အသင်းအနေနဲ့ ဒီထက်မကတဲ့ ရလဒ်ကောင်းတွေ ထပ်မံရယူနိုင်ဖို့လည်း စိတ်ဓာတ်ခွန်အားတွေ အများကြီးရရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။
“ကျွန်တော်တို့အသင်းဟာ တကယ့်ကိုကောင်းမွန်တဲ့ အစုအဖွဲ့တစ်ခုဖြစ်ပြီး သူတို့နဲ့လက်တွဲပြီး အလုပ်လုပ်ရတာကို ကျွန်တော် အင်မတန်သဘောကျပါတယ်။ ရာသီကုန်တဲ့အထိ နောက်ထပ်ပျော်ရွှင်စရာ အခိုက်အတန့်တွေကို အတူတကွ ဖန်တီးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အန်တိုနယ်လီအနေဖြင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် ပိုမိုအရေးပါသည့် ရလဒ်အဖြစ် အမှတ်ပေးဇယား ရပ်တည်မှုတွင် ၎င်း၏ မာစီဒီးစ်အသင်းဖော် ဂျော့ဂျ် ရပ်ဆဲလ်အား ၈၉ မှတ်အထိ အသာရရှိသွားပြီဖြစ်ရာ ရာသီကုန်အထိ ရမှတ် ၁၅၀ သာ ထပ်မံရရှိနိုင်တော့မည့် အခြေအနေ၌ အဆိုပါအီတလီဒရိုင်ဘာအဖို့ ၎င်း၏ ပထမဆုံး ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အဆိုပါရလဒ်မှာ မာစီဒီးစ်အသင်း ကစားသမားနှစ်ဦး၏ ဆန့်ကျင်ဘက်ကံကြမ္မာကို မီးမောင်းထိုးပြရာရောက်ခဲ့ပြီး ရပ်ဆဲလ်မှာမူ ခွင့်ပြုထားသည့် အင်ဂျင်အစိတ်အပိုင်း ပမာဏထက် ကျော်လွန်အသုံးပြုခဲ့သဖြင့် နောက်ဆုံးနေရာမှ စတင်တာထွက်ခဲ့ရသည်။
ဗာစတက်ပန်အနေဖြင့် နောက်ထပ်နိုင်ပွဲတစ်ပွဲ ရယူနိုင်ခဲ့သော်လည်း ချန်ပီယံဆုအလားအလာအတွက်မူ အန်တိုနယ်လီက ပိုမိုအလေးသာလာခဲ့ပြီး ၎င်းမှာ ယခုပြိုင်ပွဲ၌ တတိယနေရာ ရရှိခဲ့ခြင်းကြောင့် ဖော်မြူလာဝမ်းပြိုင်ပွဲ သမိုင်းတွင် အသက်အငယ်ဆုံး ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ခြေတစ်လှမ်း ပိုမိုနီးစပ်လာပြီဖြစ်သည်။
၂၀၂၆ ဖော်မြူလာဝမ်းရာသီ၏ နောက်ထပ်ပြိုင်ပွဲဖြစ်သည့် အမေရိကန်ဂရင်းပရီ ကားမောင်းပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အော်စတင်မြို့ရှိ Circuit of the Americas ပြိုင်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)




..................................
(English Version)
Verstappen wins Singapore GP as Antonelli closes in on F1 title
SINGAPORE, Oct. 11 (Xinhua) -- Red Bull's Max Verstappen continued his late-season resurgence with a commanding victory at the Singapore Grand Prix on Sunday, while Mercedes' Kimi Antonelli strengthened his grip on the 2026 Formula 1 world championship with third place.
Starting from pole position for the 50th time in his career, Verstappen led every lap around the Marina Bay Street Circuit to finish ahead of Ferrari's Charles Leclerc, with Antonelli completing the podium after a late charge through the field.
The victory followed Verstappen's triumph at the Bahrain Grand Prix in Malaysia last weekend and Saturday's Singapore Sprint, extending the Red Bull driver's winning streak to three races across the two weekends.
"It has taken a while [to win in Singapore], but I think this race was very good," said Verstappen, who had never previously won any race at the venue before Saturday's Sprint.
"The last few races have been really positive for us. It's just great to see, and we gave a lot of motivation to the team to deliver even more results.
"It's a really good group of people, I really enjoy working with them, and hopefully we can have a bit more fun to the end of the year."
More significantly for the championship, Antonelli extended his advantage over Mercedes teammate George Russell to 89 points with just 150 still available, leaving the Italian within touching distance of his maiden world title.
The result also underlined Mercedes' contrasting fortunes, with Russell having been forced to start from the back after exceeding his permitted allocation of power unit components.
Yet while Verstappen celebrated another victory, the championship picture increasingly favored Antonelli, whose latest podium moves him another step closer to becoming Formula 1's youngest ever world champion.
The next round of the 2026 Formula 1 season is the United States Grand Prix at the Circuit of the Americas in Austin, Texas, on October 25.
Photo caption 1: Race winner Red Bull's Max Verstappen (2nd R) of the Netherlands, 2nd place Ferrari's Charles Leclerc (1st L) of Monaco and 3rd place Mercedes' Kimi Antonelli (1st R) of Italy pose for photos on the podium after the Formula One Singapore Grand Prix at the Marina Bay Street Circuit in Singapore, on Oct. 11, 2026. (Photo by Qian Jun/Xinhua)
Photo caption 2: Drivers start during the Formula One Singapore Grand Prix at the Marina Bay Street Circuit in Singapore, on Oct. 11, 2026. (Photo by Shu Zelin/Xinhua)








