အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ဝဲဘက် ဒုတိယ) က ယူကရိန်း သမ္မတ ဇယ်လန်းစကီး (ဝဲဘက် တတိယ) အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ကြိုဆိုနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ဝဲဘက် ဒုတိယ) က ယူကရိန်း သမ္မတ ဇယ်လန်းစကီး (ဝဲဘက် တတိယ) အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ကြိုဆိုနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က အောက်တိုဘာ ၁၁ ရက်တွင် ယခုအချိန်မှစ၍ ရုရှား-ယူကရိန်း ပဋိပက္ခသည် ချက်ချင်းသက်ဝင်မည့် “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” အခြေအနေသို့ ရောက်ရှိကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက “စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” သည် ၎င်းအတွက်လည်း သတင်းတစ်ခုသာ ဖြစ်ကြောင်း ထိုနေ့တွင် တုံ့ပြန်ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်ဖက်လုံးအနေဖြင့် ယင်းကို သဘောတူပြီးဖြစ်ကြောင်း ထရမ့်က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ဖော်ပြခဲ့သည်။ ဤအပစ်အခတ်ရပ်စဲရေးကတိကို “မဖျက်ဆီးရန်” ၎င်းက သတိပေးခဲ့သည်။

အကယ်၍ ရုရှားဘက်က စွမ်းအင်အပစ်အခတ်ရပ်စဲရေးကို သဘောတူပါက ယူကရိန်းဘက်ကလည်း သဘောတူမည်ဖြစ်ကြောင်း၊ အကယ်၍ ထရမ့်က ရုရှားသမ္မတ ပူတင်နှင့် ဆွေးနွေးမှု အောင်မြင်ပါက အပစ်အခတ်ရပ်စဲရေးကို မည်သည့်အချိန်တွင် စတင်မည်ကို ယူကရိန်းဘက်အား ပြောပေးရန် ဇယ်လန်းစကီးက အောက်တိုဘာ ၁၁ ရက်တွင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်ထံ ပြောကြားခဲ့သည်။ ၎င်းက “ကျွန်တော် အသင့်ရှိတယ်၊ ကျွန်တော်တို့ လက်ခံမယ်” ဟု ပြောကြားခဲ့သည်။

မကြာသေးမီက အမေရိကန်ပြည်တွင်း၌ ဒီဇယ်ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး ဒီဇယ်ဆီဈေးနှုန်း မြင့်မားနေရခြင်း အကြောင်းရင်းမှာ ရုရှား-ယူကရိန်း ပဋိပက္ခတွင် နှစ်ဖက်က စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို အပြန်အလှန် တိုက်ခိုက်ခြင်းကြောင့် ဖြစ်သည်ဟု ထရမ့်က သတ်မှတ်ခဲ့သည်။ ရုရှားနိုင်ငံက အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်ဆီ ထောက်ပံ့ပေးရေးနှင့် ပတ်သက်၍ အမေရိကန်-ရုရှား ခေါင်းဆောင်တို့ သဘောတူညီမှုရရှိခဲ့ကြောင်း ထရမ့်က အောက်တိုဘာ ၉ ရက်တွင် ကြေညာခဲ့သည်။ ယင်းနောက် ဇယ်လန်းစကီးက ရုရှားနိုင်ငံအား ရေနံထုတ်ကုန်များ ရောင်းချခွင့်ပြုခြင်းသည် “စစ်ပွဲကို ရင်းနှီးမြှုပ်နှံခြင်း” ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ယင်းအပေါ်  စိတ်ပျက်ရ၍ “သစ္စာဖောက်ခံရသည်ဟု” ခံစားရကြောင်း ပြောကြားခဲ့သည်။

ထရမ့်က အောက်တိုဘာ ၁၀ ရက်တွင် “ယူကရိန်းနိုင်ငံ သမ္မတတစ်ဦး ပြောင်းသင့်တယ်” ဟု ဆိုကာ ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေးတွင် ဇယ်လန်းစကီးအနေဖြင့် လုံလောက်စွာ လုပ်ဆောင်နိုင်မှုမရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် ဇယ်လန်းစကီးကြောင့် အမေရိကန် ဒီဇယ်ဈေးနှုန်း တက်လာသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်းခါးရေ့ဂျ်မြို့ Elmendorf-Richardson ပူးတွဲစစ်အခြေစိုက်စခန်း၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အမေရိကန် သမ္မတ ထရမ့် (ယာဘက်) နှင့် ရုရှား သမ္မတ ပူတင်တို့၏ အရိပ်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်းခါးရေ့ဂျ်မြို့ Elmendorf-Richardson ပူးတွဲစစ်အခြေစိုက်စခန်း၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အမေရိကန် သမ္မတ ထရမ့် (ယာဘက်) နှင့် ရုရှား သမ္မတ ပူတင်တို့၏ အရိပ်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(Chinese Version)

特朗普称俄乌进入“能源停火” 泽连斯基回应说“这是个新闻”

新华社华盛顿10月11日电(记者黄强 徐剑梅)美国总统特朗普11日称,即刻起,俄乌冲突进入“能源停火”状态。乌克兰总统泽连斯基当天回应说,“能源停火”对他来说也是个新闻。

特朗普当天在社交媒体发文称,俄乌双方对此均已同意。他警告“切勿破坏”这一停火承诺。

泽连斯基11日对美国阿克西奥斯新闻网站说,如果俄罗斯人同意能源停火,乌克兰就会同意。如果特朗普与俄总统普京谈成了,请告诉乌克兰停火何时开始。他说:“我们准备好了,我们会接受。”

近期美国国内出现柴油供应紧张,特朗普将柴油价格居高不下的原因归于俄乌冲突双方互相攻击对方能源设施。特朗普9日宣布,美俄领导人就俄向美国及全球市场提供柴油达成一致。泽连斯基随后表示,允许俄罗斯出售石油产品“就是在投资战争”,他对此表示失望并称感觉“被背叛”。特朗普10日表示“乌克兰应该换个总统”,暗示泽连斯基在结束俄乌冲突方面做得不够,同时指责泽连斯基导致美国柴油价格上涨。(完)

图说1:2025年10月17日,在美国首都华盛顿白宫,美国总统特朗普(左二)欢迎乌克兰总统泽连斯基(左三)。新华社记者胡友松摄

图说2:2025年8月15日,美国总统特朗普(右)与俄罗斯总统普京在美国阿拉斯加州安克雷奇市埃尔门多夫-理查森联合军事基地举行会晤后共同出席联合记者会时身影映在现场。新华社记者吴晓凌摄