အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်တရားရုံးချုပ် အဆောက်အအုံကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်တရားရုံးချုပ် အဆောက်အအုံကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင် Lisa Cook ကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းရေးအတွက် ရှေ့နေချုပ်နှင့် အခြားအဆင့်မြင့် ပြည်ထောင်စုအစိုးရအရာရှိများအား ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို အောက်တိုဘာ ၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

“အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင်  Lisa Cook ဟာ  တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ အပေါင်ခံချေးငွေစာချုပ်မှာ မမှန်ကန်တဲ့အချက်အလက်တွေ ထည့်သွင်းရေးသားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ကျွန်တော့်အနေနဲ့ ယခုဖွဲ့စည်းလိုက်ပါတယ်” ဟု ထရမ့်က အောက်တိုဘာ ၇ ရက်တွင် အိမ်ဖြူတော်ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သည့် သမ္မတ၏ ညွှန်ကြားချက်စာတမ်းတွင် ရေးသားဖော်ပြခဲ့သည်။

“ကော်မတီအနေနဲ့ ဘုတ်အဖွဲ့ဝင် Lisa Cook အပေါ် စွပ်စွဲထားတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးပြီး သူ့ကို အမေရိကန်ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင် ရာထူးကနေ ဖယ်ရှားဖို့ သင့်လျော်တဲ့ အကြောင်းပြချက် ရှိ၊ မရှိကို ကျွန်တော့်ဆီ အစီရင်ခံတင်ပြရမှာ ဖြစ်ပါတယ်” ဟု အဆိုပါညွှန်ကြားချက်စာတမ်းတွင် ဖော်ပြထားသည်။

ထရမ့်သည် Lisa Cook အပေါ် စွပ်စွဲချက်များနှင့် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန် နိုဝင်ဘာ ၅ ရက်တွင် အိမ်ဖြူတော်၌ လူကိုယ်တိုင် တက်ရောက်ရမည့် ကြားနာစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကော်မတီကို ညွှန်ကြားခဲ့ပြီး ယင်းကြားနာစစ်ဆေးမှုကို လေးနာရီထက် ပိုမိုကြာမြင့်စွာ ပြုလုပ်ခြင်းမပြုရန်လည်း သတ်မှတ်ခဲ့သည်။

ညွှန်ကြားချက်စာတမ်းအရ Lisa Cook သည် ၎င်းအပေါ် စွပ်စွဲချက်များနှင့်ပတ်သက်၍ မိမိ၏ရပ်တည်ချက်ကိုဖော်ပြသည့် စာဖြင့်ရေးသားထားသော ထုတ်ပြန်ချက်တစ်စောင်ကို ကော်မတီထံ တင်သွင်းခွင့်ရှိကြောင်း ဖော်ပြထားသည်။ ထို့ပြင် ၎င်းအနေဖြင့် ကြားနာစစ်ဆေးမှုသို့ လူကိုယ်တိုင် တက်ရောက်ပြီး ကော်မတီ၏ မေးမြန်းစစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းကြားနာစစ်ဆေးမှုကို အများပြည်သူရှေ့မှောက်တွင် ပြုလုပ်မည်မဟုတ်သော်လည်း ကြားနာစစ်ဆေးမှုမှတ်တမ်းကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်စာတမ်းတွင် ဖော်ပြထားသည်။

Lisa Cook အနေဖြင့် လက်ရှိအချိန်တွင် ၎င်း၏ရာထူး၌ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း အမေရိကန်တရားရုံးချုပ်က ဇွန်လတွင် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလုပ်ဆောင်မှုသည် ၎င်းအား ရာထူးမှ ဖယ်ရှားရန် ထရမ့်၏ နောက်ဆုံးထပ်မံကြိုးပမ်းမှုဖြစ်သည်။

Lisa Cook သည် ၂၀၂၁ ခုနှစ်တွင် အပေါင်ခံချေးငွေဆိုင်ရာ စာရွက်စာတမ်းများ၌ မမှန်မကန် ရေးသားဖော်ပြခဲ့ကြောင်း အမေရိကန်နိုင်ငံ အိမ်ရာဘဏ္ဍာရေးအေဂျင်စီ အကြီးအကဲ Bill Pulte က ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် ကနဦးစွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်    ထရမ့်သည် Lisa Cook ကို ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်မှာ တရားရုံးချုပ်၏ ဆုံးဖြတ်ချက် မတိုင်မီကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Lisa Cook ကမူ မည်သည့်အမှားအယွင်းမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံထားရခြင်းလည်း မရှိကြောင်း သိရသည်။ (Xinhua)

------------------------------------------

(English Version)

Trump forms committee to probe Fed Governor Lisa Cook

NEW YORK, Oct. 9 (Xinhua) -- U.S. President Donald Trump on Friday signed an order directing the attorney general and other top federal officials to establish a committee to investigate Federal Reserve Governor Lisa Cook.

"I hereby establish a committee of inquiry (Committee) to investigate allegations that Federal Reserve Governor Lisa D. Cook made false statements in connection with one or more mortgage instruments," Trump wrote in a presidential memorandum published Wednesday on the White House website.

"The Committee shall investigate the allegations against Governor Cook and report to me whether there is 'cause' for Governor Cook's removal" from her position on the Board of Governors of the Federal Reserve, the memorandum said.

Trump directed the Committee to conduct an in-person hearing at the White House on Nov. 5 to consider the evidence and allegations against Cook, saying the hearing shall last no longer than four hours.

According to the memorandum, Cook is allowed to submit a written position statement to the Committee regarding the allegations, and it states that she "shall appear at the hearing and be examined by the Committee".

The hearing will not be public but, a transcript will be published, the memorandum said.

It is Trump's latest attempt to fire Cook after the Supreme Court ruled in June that Cook can stay in her job for now.

Federal Housing Finance Agency chief Bill Pulte initially alleged in August 2025 that Cook made false statements on mortgage instruments in 2021. Trump then attempted to oust Cook after the allegations, which preceded the Supreme Court's ruling.

Cook has denied all wrongdoing and has not been charged with a crime.

Photo Caption :Photo taken on Feb. 25, 2022 shows the U.S. Supreme Court building in Washington, D.C., the United States. (Photo by Ting Shen/Xinhua)