သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၂၆ မဲလ်ဘုန်းကားပြပွဲတွင် BYD ကားပြခန်းသို့ လာရောက်ကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၂၆ မဲလ်ဘုန်းကားပြပွဲတွင် BYD ကားပြခန်းသို့ လာရောက်ကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုဖီယာ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဘူလ်ဂေးရီးယားနိုင်ငံတွင် အာရှကားအမှတ်တံဆိပ်များအတွက် သီးသန့်ရည်ရွယ်သည့် ပထမဆုံးအကြိမ်ကားပြပွဲကို အောက်တိုဘာ၂၂ ရက်က စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား စသည့်နိုင်ငံများမှ ကားအမှတ်တံဆိပ် ၂၀ ကျော်၏ ယာဉ်အစီးရေ ၁၅၀ ကျော်ကို စုစည်းပြသခဲ့သည်။

အဆိုပါ Asia Motor Show Sofia ကားပြပွဲကို အကျယ်အဝန်း စတုရန်းမီတာ ၃,၀၀၀ ခန့်ရှိသည့် Inter Expo Center တွင် ၅ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ပြသထားသည့်ယာဉ်များတွင် မြို့တွင်းသုံးကားငယ်များမှစ၍ ဇိမ်ခံမှန်လုံကားကြီးများ၊ မိသားစုသုံး SUVs ကားများနှင့် ခေတ်မီနည်းပညာမြင့်လျှပ်စစ်ကားများအထိ ပါဝင်နေသည်။ တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် BYD ၊ Dongfeng၊ GWM၊ XPeng နှင့် Leapmotor ကုမ္ပဏီများကလည်း အဆိုပါပြပွဲတွင် ပါဝင်ပြသထားကြသည်။

"ကျွန်တော် ကားအသစ်တစ်စီးဝယ်ဖို့ စဉ်းစားနေတာပါ။ အွန်လိုင်းကနေရှာကြည့်ပြီးတဲ့နောက်မှာ တရုတ်ကားအမှတ်တံဆိပ်တွေကို လာရောက်ကြည့်ရှုတာဖြစ်ပါတယ်"ဟု အဆိုပါကားပြပွဲသို့ လာရောက်လေ့လာသည့် ဂျော်ဂျီဟရစ္စတော့ဗ်က ပြောကြားခဲ့ပြီး တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီများက နည်းပညာပိုင်းတွင် သိသာထင်ရှားစွာခေတ်ရှေ့ပြေးနေသည် ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အခြားလာရောက်လေ့လာသူတစ်ဦးဖြစ်သည့် ဆလာဗေးယာ အာဆန်းနိုဗာကလည်း ကားတစ်စီးဝယ်ယူရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

"အရည်အသွေးနဲ့နှိုင်းယှဉ်ကြည့်ရင် ဈေးနှုန်းက တော်တော်တန်တယ်လို့ ကျွန်မထင်တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါကားပြပွဲက ပြပွဲသို့လာရောက်လေ့လာသူများအား ၎င်းတို့၏ လိုအပ်ချက်အမျိုးမျိုးနှင့် ကိုက်ညီမည့် အထူးကမ်းလှမ်းမှုအခွင့်အရေးများကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

...........................................

(English version)

Bulgaria hosts first auto show dedicated to Asian brands

SOFIA, Oct. 22 (Xinhua)

Bulgaria's first auto show dedicated to Asian brands opened here on Thursday, bringing together more than 150 vehicles from over 20 brands from China, Japan and South Korea.

The five-day Asia Motor Show Sofia covers about 3,000 square meters at the Inter Expo Center. Vehicles on display range from compact city cars to luxury limousines, family SUVs and high-tech electric vehicles.

Chinese automakers, including BYD, Dongfeng, GWM, XPeng, and Leapmotor, are among the exhibitors.

"I'm thinking to buy a new car, and I came to look at Chinese brands after browsing online," visitor Georgi Hristov said, adding that Chinese automakers had made significant technological advances.

Another visitor, Slaveya Asenova, said she was considering a possible a purchase.

"I think the price is quite good for the quality," she said.

The expo is also offering visitors the opportunity to take advantage of special offers suited to their different needs. ■

Photo caption: People visit the BYD stand during the 2026 Melbourne Motor Show in Melbourne, Australia, April 10, 2026. (Xinhua/Xu Haijing)