အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဈေးနှုန်းပြဆိုင်းဘုတ်အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဈေးနှုန်းပြဆိုင်းဘုတ်အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်သူအများစုက လွှတ်တော်သစ်အနေဖြင့် ကုန်ဈေးနှုန်း မြင့်မားသည့် ပြဿနာ ဖြေရှင်းရေးနှင့် အီရန်စစ်ပွဲ အဆုံးသတ်ရေး စသည်တို့ကို လုပ်ငန်းစဉ်၏ အဓိကအနေရာတွင် ထားရှိရန် မျှော်လင့်ကြကြောင်း အမေရိကန်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံး ထွက်ရှိလာသည့် ပြည်သူ့စစ်တမ်း ကောက်ယူချက်များတွင် ဖော်ပြထားသည်။

AP -NORC ပြည်သူ့ရေးရာ သုတေသနစင်တာ၏ စစ်တမ်းအရ ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီတို့မှ မဲဆန္ဒရှင် အများစု အပါအဝင် စစ်တမ်းကောက်ယူခြင်းခံရသူ ၈၀ ရာခိုင်နှုန်းခန့်က နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ် မည်သို့ပင်ရှိစေကာမူ လွှတ်တော်သစ်အနေဖြင့် လူနေမှုစရိတ် လျှော့ချရေးကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ထားရှိသင့်ကြောင်း ပြောကြားခဲ့ပြီး စစ်တမ်းကောက်ယူခြင်းခံရသူ ၇၀ ရာခိုင်နှုန်းခန့်ကလည်း အီရန်စစ်ပွဲ အဆုံးသတ်ရေးကိုလည်း ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ထားရှိသင့်သည်ဟု ယူဆကြကြောင်း AP သတင်းဌာန၏ အောက်တိုဘာ ၂၂ ရက် သတင်းတွင် ဖော်ပြထားသည်။

အမေရိကန် ပြည်သူလူထုသည် အဆိုပါ ကိစ္စနှစ်ရပ်ကို အခြားသော အကြောင်းအရာများထက် ပိုမို အာရုံစိုက်လျက် ရှိကြသည်။ စစ်တမ်းကောက်ယူခြင်းခံရသူ ၄၀ ရာခိုင်နှုန်းခန့်က ထရမ့်အစိုးရအား စုံစမ်းစစ်ဆေးခြင်းသည် လွှတ်တော်သစ်၏ ဦးစားပေး လုပ်ငန်းစဉ် ဖြစ်သင့်သည်ဟု ယူဆကြသည်။ ၂၀ ရာခိုင်နှုန်းခန့်ကမူ လွှတ်တော်အနေဖြင့် ထရမ့်အစိုးရအား ထောက်ခံအားပေးရေးကို အဓိကထား ဆောင်ရွက်စေလိုကြပြီး ယင်းမှာ ရီပက်ဘလစ်ကန် မဲဆန္ဒရှင်များအကြား၌ပင် ဤအချိုးအဆသည် ၄၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

ရီပက်ဘလစ်ကန်ပါတီဝင်များသည် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်အတွင်း ၎င်းတို့၏ အသာစီးရရှိထားသော အနေအထားကို ထိန်းသိမ်းထားရန် ကြိုးပမ်းနေကြပြီး ဒီမိုကရက်တစ်ပါတီဝင်များကမူ အခြေအနေကို အသာစီးရရှိအောင် အပြောင်းအလဲပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ရိုက်တာသတင်းဌာနနှင့် Ipsos အဖွဲ့တို့၏ အောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် ပူးတွဲစစ်တမ်းကောက်ယူချက်အရ ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီတို့ ရရှိထားသည့် ထောက်ခံမှုနှုန်းမှာ ၄၇ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်း အသီးသီးရှိနေကြကြောင်း၊ စစ်တမ်းကောက်ယူခြင်းခံရသူ ၃၁ ရာခိုင်နှုန်းခန့်ကသာ ထရမ့်၏ ယခုတာဝန်ထမ်းဆောင်မှု သက်တမ်းအတွင်း စွမ်းဆောင်ရည်ကို အသိအမှတ်ပြုကြရာ ၎င်းမှာ ထရမ့်၏ တာဝန်ထမ်းဆောင်မှု သက်တမ်းနှစ်ခုအတွင်း အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ (Xinhua)

----------------------

(Chinese Version)

多数美国人盼下届国会关注民生和结束伊朗战事

新华社北京10月22日电 美国国会中期选举前的最新民调显示,大多数美国民众希望新一届国会把工作重点放在解决高物价问题和结束伊朗战事上。

美联社22日报道,根据美联社-NORC公共事务研究中心的民调,包括多数民主党选民和共和党选民在内,大约80%的调查对象表示,无论11月初的中期选举结果如何,新一届国会应把降低生活成本作为优先事项;大约70%的人认为,结束伊朗战事也应成为优先事项。

美国民众对这两件事的关注度超过其他事项。大约40%的人认为,调查特朗普政府应该成为新一届国会优先事项。大约20%的人希望国会把支持特朗普政府作为重点;即使在共和党选民中,这一比例也只有大约40%。

共和党人谋求在11月3日中期选举后维持在国会的优势地位,民主党人则试图实现翻盘。根据路透社和益普索集团19日发布的联合民调,民主党和共和党所获支持率分别为47%和35%;仅31%的人认可特朗普本届任期内的表现,为其两届任期内最低水平。(惠晓霜)

图说:这是10月14日在美国纽约一处加油站拍摄的价格牌。新华社记者张凤国摄