ပင်တဂွန်စစ်ဌာနချုပ်က ပြိုင်ဘက်နိုင်ငံများကို ပစ်မှတ်ထားသည့် အထူးလျှို့ဝှက်သူလျှိုကွန်ရက်တစ်ခု တည်ဆောက်ရန် စီစဉ်နေဟု သတင်းထွက်ပေါ်

ပင်တဂွန်စစ်ဌာနချုပ်က ပိုမိုကျယ်ပြန့်သော စီးပွားရေးစစ်ဆင်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်၏ ပြိုင်ဘက်နိုင်ငံများကို ပစ်မှတ်ထားသည့် အထူးလျှို့ဝှက်သူလျှိုအစီအစဉ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း The Washington Post သတင်းစာက ယင်းကိစ္စနှင့် နီးစပ်သူ ခြောက်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အောက်တိုဘာ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်းအစီအစဉ်သစ်အရ “Nonofficial Cover Officers (NOCs)” ဟုခေါ်သော တရားဝင်အစိုးရကိုယ်စားလှယ်အဖြစ် မထင်ရှားသည့် လျှို့ဝှက်အေးဂျင့်များဖြစ်သော  အမေရိကန်ထောက်လှမ်းရေးအရာရှိများသည် အစိုးရနှင့် ဆက်နွှယ်မှုရှိကြောင်း မဖော်ပြဘဲ စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ပုဂ္ဂလိကကဏ္ဍမှ ဝန်ထမ်းများအဖြစ် အသွင်ယူကာ လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လာမည့်ရက်များအတွင်း ဆန္ဒပြပွဲများ ရပ်ဆိုင်းရန် မက်ခရွန် တိုက်တွန်း

ပြင်သစ်နိုင်ငံ၌ လာမည့်ရက်အနည်းငယ် အထူးသဖြင့် အောက်တိုဘာ ၂၄ ရက်တွင် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ မပြုလုပ်ကြရန် အစိုးရအနေဖြင့် တိုက်တွန်းထားကြောင်း သမ္မတ အီမန်နျူရယ် မက်ခရွန်က အောက်တိုဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီအစည်းအဝေးအပြီးတွင် မက်ခရွန်က ဆန္ဒပြပွဲများ စီစဉ်ရန် တရားဝင်အခွင့်အာဏာမရှိသူများ၏ စုဝေးခွင့်တောင်းဆိုမှုများကို အစိုးရက တားမြစ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေသန္တရအာဏာပိုင်များထံ တရားဝင်အကြောင်းကြားထားသည့် အလုပ်သမားသမဂ္ဂများ၏ ချီတက်ဆန္ဒပြပွဲများအတွက်မူ မြို့လယ်နေရာများကို ကာကွယ်နိုင်ရန်အလို့ငှာ အခြားလမ်းကြောင်းများကို အဆိုပြုသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားအစိုးရအဖွဲ့ အကြီးစားပြောင်းလဲမှုအဖြစ် ဒုတိယဝန်ကြီးချုပ် လေးဦး ပူတင် ခန့်အပ်

ရုရှားသမ္မတ ဗလာတီမာ ပူတင်သည် အောက်တိုဘာ ၂၂ ရက်တွင် ဒုတိယဝန်ကြီးချုပ် လေးဦးအပြင် ပို့ဆောင်ရေးဝန်ကြီးအသစ်တစ်ဦးနှင့် သမ္မတ  လက်ထောက်တစ်ဦး ခန့်အပ်ရေးဆိုင်ရာ အမိန့်အများအပြားကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါခန့်အပ်မှုများသည် အမိန့်လက်မှတ်ရေးထိုးသည့်နေ့တွင်ပင် စတင်အသက်ဝင်ခဲ့ကြောင်း သက်ဆိုင်ရာစာရွက်စာတမ်းများအရ သိရသည်။

ဟော်မုဇ်ရေလက်ကြားအနီးဝန်းကျင် ရေပြင်တွင် စည်းမျဉ်းချိုးဖောက်သည်ဟု စွပ်စွဲခံရသော သင်္ဘော ၇ စင်း မီးလောင်ခဲ့ဟု အီရန် IRGC ပြောကြား

ပါရှန်ပင်လယ်ကွေ့အတွင်း “စည်းမျဉ်းချိုးဖောက်သော” သင်္ဘောလေးစင်းကို မကြာသေးမီနာရီများအတွင်း တိုက်ခိုက်ခဲ့သလို အခြားသင်္ဘောသုံးစင်းမှာလည်း အောက်တိုဘာ ၂၁ ရက်ညပိုင်းက ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက်တွင် ရေမြှုပ်မိုင်းများကို ထိမိပြီး ပေါက်ကွဲခဲ့ကြောင်းလည်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ရေတပ်က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

IRGC ၏ တရားဝင်သတင်းဌာန Sepah News မှ ထုတ်ပြန်သော ကြေညာချက်အရ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် သင်္ဘောလေးစင်းမှာ ရေလက်ကြားအတွင်းရှိ “တရားမဝင်” လမ်းကြောင်းတစ်ခုကို ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ပင်လယ်ကွေ့၏ မြောက်အလယ်ပိုင်းတွင် သင်္ဘောအချင်းချင်း ရေနံကုန်တင်လွှဲပြောင်းမှု ပြုလုပ်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် သစ်ပင်ကို ဘတ်စ်ကား ဝင်တိုက်မှုကြောင့် လူ ခြောက်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ Chhattisgarh ပြည်နယ်တွင် အောက်တိုဘာ ၂၂ ရက်က ဘတ်စ်ကားတစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ခဲ့ရာ အမျိုးသမီးနှစ်ဦးနှင့် မိန်းကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် Manendragarh-Chirmiri-Bharatpur (MCB) ခရိုင်အတွင်းရှိ ကယ်ဟာရီရဲစခန်းနယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘတ်စ်ကားသည် Manendragarh ဒေသမှ ကယ်ဟာရီမြို့သို့ သွားလာနေစဉ် အလွန်မြင့်မားသော အရှိန်ဖြင့် မောင်းနှင်ခဲ့ခြင်းကြောင့် ယခုလိုမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်း သံလွင်ပင်စိုက်ပျိုး‌ရေးတောင်သူများနှင့် စိုက်ပျိုးမြေများအပေါ် ၂၁ ရက်အတွင်း အစ္စရေးက တိုက်ခိုက်မှု ၄၀၉ ကြိမ် ပြုလုပ်ဟု ကော်မရှင် မှတ်တမ်းတင်

အနောက်ဘက်ကမ်းဒေသရှိ ပါလက်စတိုင်း သံလွင်ပင်စိုက်ပျိုးရေးတောင်သူများ၊ သံလွင်ပင်များ၊ စိုက်ပျိုးမြေများနှင့် စိုက်ပျိုးရေးကိရိယာများအပေါ် အောက်တိုဘာ ၁ ရက်မှ ၂၁ ရက်အတွင်း အစ္စရေးတပ်ဖွဲ့များနှင့် အခြေချနေထိုင်သူများက တိုက်ခိုက်မှု စုစုပေါင်း ၄၀၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း  ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့၏ အတားအဆီးများနှင့် အခြေချနေထိုင်မှုများ ဆန့်ကျင်ရေးဆိုင်ရာ ကော်မရှင်က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကော်မရှင်၏ ကြေညာချက်အရ အဆိုပါဖြစ်စဉ်များအနက် ၃၁၇ ကြိမ်ကို အစ္စရေးအခြေချနေထိုင်သူများက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ၉၂ ကြိမ်ကိုမူ အစ္စရေးစစ်တပ်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

………..

(English Version)

Daily World Briefing, Oct. 23

Pentagon eyes deep-cover spy network targeting rivals: report

The Pentagon is seeking to build a deep-cover spying program targeting U.S. competitors as part of a broader economic warfare strategy, The Washington Post reported Wednesday, citing six people familiar with the initiative.

Under the new program, U.S. intelligence operatives, the so-called "nonofficial cover officers," or NOCs, would pose as businesspeople or other private-sector personnel without disclosing their government affiliations, according to the report.

Macron calls for halt to demonstrations in coming days

French President Emmanuel Macron said Thursday that the government recommends that no demonstrations be held across the country in the coming days, particularly on Saturday.

Speaking after a security council meeting, Macron said the government intended to prohibit requests to organize gatherings by people "who have no legitimacy to do so." For trade union marches formally notified to local authorities, alternative routes would be proposed to protect city centers, he added.

Putin appoints four deputy PMs in major government reshuffle

Russian President Vladimir Putin signed a series of decrees on Thursday appointing four deputy prime ministers, alongside a new minister of transport and a presidential aide.

The appointments took effect on the day of signing, according to the documents.

Iran's IRGC says 7 "violating" vessels caught fire in waters around Hormuz Strait

The navy of Iran's Islamic Revolution Guard Corps (IRGC) said Thursday that it had struck four "violating" ships in the Persian Gulf in recent hours, while three other "offending" vessels exploded after hitting naval mines west of the Strait of Hormuz Wednesday night.

The four targeted ships, which had crossed an "illegal" route in the strait, were detected and hit in the northern central Gulf while engaged in a ship-to-ship transfer of oil cargoes, the navy said in a statement released by the IRGC's official news outlet Sepah News.

6 killed, 25 injured as bus hits roadside tree in central India

At least six persons, including two women and a girl, were killed and 25 others were injured when the bus they were travelling in hit a roadside tree in India's central state of Chhattisgarh on Thursday, local police confirmed.

The accident reportedly occurred under the limits of Kelhari police station in the Manendragarh-Chirmiri-Bharatpur (MCB) district, while the bus was moving from Manendragarh area to Kelhari town at a very high speed.

Palestinian commission records 409 Israeli attacks on Palestinian olive farmers, land in West Bank in 21 days

The Israeli forces and settlers carried out 409 attacks against Palestinian olive farmers, trees, farmland, and agricultural equipment in the West Bank between Oct. 1 and 21, the Palestinian Liberation Organization's Commission Against the Wall and Settlements said Thursday.

In a statement, the commission said settlers carried out 317 attacks, while the Israeli army conducted 92.