တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရိုက်ကူးသော တောင်ကိုရီးယားမီဒီယာမှ ထုတ်လွှင့်သည့် ကိုရီးယားနှစ်နိုင်ငံ နယ်စပ် လမ်းအစိတ်အပိုင်းအချို့အား မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီးသည့် သတင်းမြင်ကွင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AP)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရိုက်ကူးသော တောင်ကိုရီးယားမီဒီယာမှ ထုတ်လွှင့်သည့် ကိုရီးယားနှစ်နိုင်ငံ နယ်စပ် လမ်းအစိတ်အပိုင်းအချို့အား မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီးသည့် သတင်းမြင်ကွင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AP)

ဆိုးလ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ကိုရီးယားနှစ်နိုင်ငံ စစ်မဲ့ဇုန်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တောင်းပန်ရန်၊ တာဝန်ယူမှုရှိသောအစီအမံများ ဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က နယူးယောက်စံတော်ချိန် အောက်တိုဘာ ၂၂ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ စာလွှာပေးပို့ တောင်းဆိုခဲ့ကြောင်း Yonhap သတင်းဌာနက အောက်တိုဘာ ၂၃ ရက်၌ သတင်းဖော်ပြခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုမှာ မြောက်ကိုရီးယား စစ်ဘက်က ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားဘက်က စာလွှာတွင် ဖော်ပြထားသည်။ ထိုစာလွှာတွင် မြောက်ကိုရီးယားဘက်မှ တောင်းပန်ရန်နှင့် တာဝန်ယူမှုရှိသော အစီအမံများ ဆောင်ရွက်ရန် တောင်းဆိုထားသကဲ့သို့ တင်းမာမှုအခြေအနေများ မြင့်တက်လာခြင်းကို ကာကွယ်ရန်နှင့် နှစ်ဖက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်အတွက် မြောက်ကိုရီးယားဘက်မှ ဆွေးနွေးပွဲများတွင် ပါဝင်ရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် မကြာသေးမီက စစ်ရေးနယ်နိမိတ်မျဉ်းတစ်လျှောက် တောင်ကိုရီးယား စစ်ဘက်၏ တရားဝင် စစ်ရေးလှုပ်ရှားမှုများကို "ရန်စမှု" ဟု မြောက်ကိုရီးယားဘက်က ပုံဖော်ခဲ့ပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်လာသည့် တာဝန်ကို တောင်ကိုရီးယားဘက်သို့ ပုံချရန် ကြိုးပမ်းခဲ့ကြောင်း စာလွှာတွင် ဖော်ပြထားရာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာရုံစိုက် စောင့်ကြည့်ပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။

စက်တင်ဘာ ၂၁ ရက်က ကိုရီးယားနှစ်နိုင်ငံ စစ်ရေးနယ်နိမိတ်မျဉ်းအနီး တောင်ကိုရီးယားဘက်အခြမ်း စစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယား ကြည်းတပ် အမှတ် ၂၅ တပ်မမှ စစ်သည်များ တာဝန်ထမ်းဆောင်နေစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက အောက်တိုဘာ ၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ် စုံစမ်းစစ်ဆေးရေး ရလဒ်ကို ထုတ်ပြန်ခဲ့ရာ "ပေါက်ကွဲမှုမှာ စစ်ရေးနယ်နိမိတ်မျဉ်း တောင်ဘက်အခြမ်းတွင် မြောက်ကိုရီးယားမှ ထောင်ထားသည့် ခြေလျင်တပ်တိုက်ဖျက်ရေး မိုင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်" ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး မြောက်ကိုရီးယားဘက်မှ တောင်းပန်ရန်နှင့် သက်ဆိုင်ရာ မြေမြှုပ်မိုင်းများကို ချက်ချင်း ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ 

အောက်တိုဘာ ၆ ရက်တွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ကိုရီးယားနှစ်နိုင်ငံစစ်မဲ့ဇုန်၌ ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်မှာ တောင်ကိုရီးယားဘက်က တစ်ဖက်သတ် လုပ်ကြံဖန်တီး၍ ကောက်ချက်ဆွဲခဲ့သည့် ပြဇာတ်တစ်ခုသာဖြစ်ကြောင်း ပြန်လည် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး   တောင်ကိုရီးယားဘက်က ယင်းတာဝန်ကို မြောက်ကိုရီးယားထံ ပုံချခြင်းမှာ မြောက်ကိုရီးယား၏ နိုင်ငံတော်ပုံရိပ်ကို ထိခိုက်စေပြီး လုံးဝ သည်းခံနိုင်ဖွယ်မရှိသော ကြီးမားသည့် ရန်စမှုဖြစ်ကြောင်း ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

-----------------------------

(Chinese Version)

韩国就韩朝非军事区地雷爆炸事件致函联合国安理会

新华社首尔10月23日电(记者陈怡 孙一然)据韩联社23日报道,韩国常驻联合国代表纽约时间22日向联合国安理会主席致函,要求朝鲜就近期发生在韩朝非军事区的地雷爆炸事件道歉,并采取负责任的措施。   

韩方在信函中称,此次爆炸系朝鲜军方埋设的地雷所致,违反停战协定。信函要求朝方道歉并采取负责任的措施,同时敦促朝方开展对话,以防止紧张局势升级,恢复互信。   

信函还说,朝方近期将韩军在军事分界线一带开展的正当军事行动定性为“挑衅”,并试图将地区紧张局势升级的责任归咎于韩方。信函提请国际社会予以关注。   

韩国陆军第25师9月21日在韩朝军事分界线附近韩方一侧非军事区内执行任务时发生地雷爆炸,造成3名军人受伤,其中2人伤势严重。韩国联合参谋本部本月5日举行记者会,公布地雷爆炸事件调查结果,称“爆炸由朝鲜在军事分界线南侧埋设的反步兵地雷导致”,要求朝方作出道歉并立即清除相关地雷。   

朝鲜外务省6日发表声明称,日前发生在朝韩非军事区的地雷爆炸事件,是韩国单方面炮制并强加结论的闹剧。韩方将其责任转嫁给朝鲜损毁朝鲜国家形象,是绝不可容忍的重大挑衅。(完)

图说:这是2024年10月15日在韩国首尔拍摄的韩国媒体播报朝鲜炸毁韩朝边境部分道路的新闻画面。新华社/美联