
ရန်ကုန်၊ အောက်တိုဘာ ၇ ရက်
“ပုံရိပ်ဖြင့် သံယောဇဉ်များကို လက်ဆင့်ကမ်းခြင်း၊ သံစဉ်ပမာ ချစ်ကြည်ရင်းနှီးခြင်း” တရုတ်ရုပ်ရှင် လေ့လာဖလှယ်ပွဲအား အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ဒေသတွင်း ယဉ်ကျေးမှုအနုပညာ၊ အားကစား၊ မီဒီယာ စသည့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်ပေါင်း ၃၀၀ ကျော်က တရုတ်ရုပ်ရှင် Once Upon a Time in the Middle East အား ရှုစားခဲ့ကြသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလဆန်းတွင် ဝန်မုရယ် ဒါရိုက်တာအဖြစ် ရိုက်ကူး၍ စိန်ထန် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားသော Once Upon a Time in the Middle East ရုပ်ရှင်ကို Junction Cineplex က မြန်မာနိုင်ငံသို့ တင်သွင်း၍ ရုံတင်ပြသခဲ့သည်။ အဆိုပါရုပ်ရှင်တွင် စူပါသူရဲကောင်းများ မရှိသလို ထူးခြားခမ်းနားသည့် အထူး effect ပြုလုပ်ချက်များလည်း မပါဝင်ပေ။ သို့သော်လည်း စားသောက်ဆိုင်တစ်ဆိုင်၊ ဟင်းချက်ဒယ်အိုးတစ်လုံး၊ “ထမင်းကောင်းကောင်းစားရမယ်” ဟူသော မှာကြားချက်တစ်ခွန်းတို့သည် ပရိသတ်များကို အရိုးစင်းဆုံး၊ နှလုံးသားကို ဖမ်းစားမှုအရှိဆုံးဖြစ်သည့် တင်ဆက်ပြသမှုများ ဆောင်ကြဉ်းပေးခဲ့သည်။
အဆိုပါရုပ်ရှင်တွင် တရုတ်အစားအစာ စားဖိုမှူး ရွှီဖူသည် အကြွေးဆပ်ရန်အတွက် အရှေ့အလယ်ပိုင်းသို့ သွားရောက်၍ တရုတ်အစားအစာ စားသောက်ဆိုင်ဖွင့်ခဲ့ရာ မူလက တည်တည်ငြိမ်ငြိမ် ငွေရှာချင်ခဲ့သော်လည်း စစ်မီးလျှံများကြားတွင် ပါဝင်သွားခဲ့ပြီး မိမိကိုယ်ကိုယ် ဘေးကင်းလုံခြုံရန် လုပ်ဆောင်ရသည့် အညတရလူသားမှ စစ်ပွဲအတွင်း မိဘမဲ့ဖြစ်သွားသည့် ကလေးငယ်များအား စောင့်ရှောက်သူ ဖြစ်လာခဲ့သည်။ မီးဖိုစင်မှ မီးခိုးငွေ့များဖြင့် စစ်မက်မီးခိုးလုံးများကို အန်တုကာ အပြုသဘောဆောင်သော၊ ဉာဏ်လမ်းစဖွင့်ပေးသော အရှေ့တိုင်းဉာဏ်ပညာကို လက်ဆင့်ကမ်းဖော်ပြထားသည်။
ယခုအကြိမ် လေ့လာဖလှယ်ပွဲအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ စာရေးဆရာများအသင်း စသည်တို့ ပါဝင်ခဲ့သည်။
ရုပ်ရှင်ရှုစားပြီးနောက် လာရောက်ကြည့်ရှုသူပရိသတ်များက ရုပ်ရှင်ဟူသည့် ထူးခြားသောလမ်းကြောင်းမှတစ်ဆင့် တရုတ်-မြန်မာ လူမှုယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှုကို အဆက်မပြတ်မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အခမ်းအနားတွင် တရုတ်-မြန်မာ အလှစက္ကူညှပ်လက်ရာနှင့် ပန်းချီလက်ရာများစွာလည်း ပြသထားရာ ယဉ်ကျေးမှုဖလှယ်ရေး အငွေ့အသက်များဖြင့် ကြိုင်လှိုင်လျက်ရှိသည်။








