
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် စက်တင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် လာရောက်မှု ပြီးစီး၍ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည်။
မြန်မာနိုင်ငံ တပ်မတော်နှင့် အစိုးရ အဆင့်မြင့်အရာရှိနှင့် အရာရှိစစ်သည်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဝန်ထမ်းများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၊ တရုတ်နွယ်ဖွားနှင့် တရုတ်လူမျိုးများ၏ ကိုယ်စားလှယ်များက ဆိပ်ကမ်းသို့ သွားရောက်ပို့ဆောင်ခဲ့သည်။
ခရီးစဉ်သွားရောက်သည့်ကာလအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံရေတပ်က ဘက်စုံထောင့်စုံ လက်တွေ့ဖလှယ်မှုများ လုပ်ဆောင်ခဲ့သည်။ ရေယာဉ်အုပ်စု ကွပ်ကဲရေးမှူးများသည် မြန်မာနိုင်ငံ တပ်မတော်နှင့် အစိုးရအကြီးအကဲများကို သွားရောက်တွေ့ဆုံခဲ့သည်။ တရုတ်စစ်သည်အရာရှိများကလည်း မြန်မာနိုင်ငံရေတပ် လေ့ကျင့်ရေးစခန်းသို့ လာရောက် လေ့လာကြည့်ရှုခဲ့ပြီး နှစ်ဖက် စစ်သည်အရာရှိများက ရေယာဉ်များ လေ့လာကြည့်ရှုမှု၊ ကျွမ်းကျင်ပညာရပ်ဆိုင်ရာ ဖလှယ်မှု စသည့် လှုပ်ရှားမှုများအတွင်း အပြန်အလှန် လေ့လာသင်ယူကာ ချစ်ကြည်ရင်းနှီးမှု အတူတကွ ဆွေးနွေးခဲ့ကြသည်။
ယခုအကြိမ် ခရီးစဉ်သွားရောက်မှုသည် ဆောင်းဦးလယ်ပွဲတော်အခါသမယနှင့် ကြုံဆုံလျက်ရှိရာ ရေယာဉ်အုပ်စုက ကျင်းပသော ကုန်းပတ်ဧည့်ခံပွဲတွင် မြန်မာနိုင်ငံ တပ်မတော်နှင့် အစိုးရ အရာရှိများ၊ ပါကစ္စတန်၊ ထိုင်း၊ လာအိုနိုင်ငံ၏ မြန်မာနိုင်ငံ အခြေစိုက်သံရုံးမှ စစ်သံမှူးများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၊ တရုတ်နွယ်ဖွားနှင့် တရုတ်လူမျိုးများ၏ ကိုယ်စားလှယ်များ ဖိတ်ကြားချက်အရ တက်ရောက်ခဲ့သည်။
တရုတ်ဘက် ရေယာဉ်အုပ်စု ကွပ်ကဲရေးမှူးက တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ခေတ်အဆက်ဆက်အိမ်နီးချင်း ချစ်ကြည်ရင်းနှီးမှုက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်သမိုင်းကြောင်း ကြာရှည်ကြောင်း၊ တရုတ်ရေတပ်သည် အစဉ်အမြဲ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု အယူအဆကို လက်ကိုင်ထားကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ ပင်လယ်ရေပြင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းသွားစေလိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး သိန်းထူးက ယခုအကြိမ်ခရီးစဉ်ကို များစွာတန်ဖိုးထား ချီးကျူးပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံရေတပ်က အပြန်အလှန် ယုံကြည်မှု မြှင့်တင်သော၊ ညှိနှိုင်းဆောင်ရွက်မှု နက်ရှိုင်းစေသော အရေးကြီးအခွင့်အလမ်းဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာသွားပြီးနောက် အဆိုပါရေယာဉ်အုပ်စုသည် မြန်မာနိုင်ငံရေတပ်နှင့် ရေယာဉ်အုပ်စု လှုပ်ရှားမှု၊ ဆက်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု စသည့် ပညာရပ်ဆိုင်ရာ ပူးတွဲလေ့ကျင့်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中国海军第48批护航编队结束对缅甸友好访问
新华社仰光9月28日电(杜江帆 徐涛涛)中国海军第48批护航编队28日下午驶离仰光港,结束为期5天的对缅甸友好访问。
缅方军政要员和官兵代表、中国驻缅甸大使馆工作人员、中资机构及华侨华人代表等到码头送行。
访问期间,中缅两国海军开展了全方位务实交流。编队指挥员拜会了缅方军政人士,中方官兵参观缅海军训练基地,双方官兵在舰艇参观、专业交流等活动中互学互鉴、共叙友谊。
此次访问正值中秋佳节,在编队举办的甲板招待会上,缅方军政官员,巴基斯坦、泰国、老挝驻缅武官,中资机构及华侨华人代表等应邀出席。中方编队指挥员表示,中缅山水相依、世代睦邻,胞波情谊源远流长,中国海军始终秉持和平发展理念,愿同缅方持续深化海上安全合作。缅甸海军参谋长登图高度评价此次访问,认为这是两国海军增进互信、深化协作的重要契机。
驶离仰光港后,编队还与缅甸海军进行了编队运动、通信协同等课目的联合演练。(完)








