ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက်

CITIC Myanmar မှ ကြီးမှူးကျင်းပပြီး တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းမှ တာဝန်ယူ ကျင်းပကာ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ ကူညီကျင်းပသည့် ဒုတိယအကြိမ် “CITIC Star” ဇာတ်လမ်းတိုဖန်တီးမှု လှုပ်ရှားမှုကို မကြာသေးမီက တရားဝင်စတင်ခဲ့သည်။

ယခုအကြိမ်လှုပ်ရှားမှုတွင် “လူငယ်ရှုထောင့်မှ မြန်မာနိုင်ငံပုံရိပ်” အကြောင်းအရာဖြင့် အထက်ပါ မြန်မာနိုင်ငံရှိ တက္ကသိုလ် နှစ်ခုမှ ကျောင်းသား၊ ကျောင်းသူများထံမှ ဗီဒီယိုလက်ရာများ စုစည်းသွားမည်ဖြစ်သည်။ နောက်ဆုံးတွင် တက္ကသိုလ်များ၊ CITIC Myanmar ၊ တရုတ်နိုင်ငံ ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဖောင်ဒေးရှင်းတို့ဖြင့် ဖွဲ့စည်းထားသော လှုပ်ရှားမှု စီစဉ်ရေးကော်မတီမှ ဒိုင်လူကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများက အွန်လိုင်းတွင် မဲပေးခြင်းဖြင့် အနိုင်ရရှိသောလက်ရာအား ရွေးချယ်သွားမည်ဖြစ်သည်။

လှုပ်ရှားမှု စီစဉ်ရေးကော်မတီသည် အထက်ပါတက္ကသိုလ် နှစ်ခု၌ လှုပ်ရှားမှုစတင်ခြင်း အခမ်းအနား ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀ ကျော် တက်ကြွစွာ ပါဝင်ခဲ့သည်။

ယခုအကြိမ်လှုပ်ရှားမှုသည် “CITIC Star” ပညာသင်ထောက်ပံ့ကြေး ပရဟိတအစီအစဉ်အောက်မှ စွမ်းဆောင်ရည်မြှင့်တင်ရေးလှုပ်ရှားမှုများအနက် တစ်ခုဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရန် ထောက်ပံ့ပေးသည့် တစ်ချိန်တည်းတွင် ၎င်းတို့က ဗီဒီယိုဖြင့် လူငယ်မျိုးဆက်တို့၏အမြင်မှ မြန်မာနိုင်ငံအကြောင်းအရာအား တင်ဆက်ပေးရန် တိုက်တွန်းခြင်းဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးကို အားဖြည့်ပေးရန်ဖြစ်သည်။

ပထမအကြိမ် “CITIC Star” ဇာတ်လမ်းတို ဖန်တီးခြင်း လှုပ်ရှားမှုကို ၂၀၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားနှင့် မြန်မာနိုင်ငံ ပထမဆုံး ဝန်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု စသည့် ပုဂ္ဂိုလ်တို့က ဆုရရှိသည့်လက်ရာရှင်များအတွက် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………..

(Chinese Version)

赋能青年能力建设 助力中缅文化交流——第二届“中信之星”短视频创作活动正式启动

近日,由中信缅甸主办、中国乡村发展基金会(乡基会)承办、缅甸海事大学和仰光外国语大学协办的第二届“中信之星”短视频创作活动正式启动。

本次活动以“青年视角 缅甸映象”为题,面向上述两所缅甸高校全体学生征集视频作品,最终由校方、中信缅甸、乡基会等组成的组委会评审及学生在线投票评出优胜作品。组委会分别在两所高校举办了启动会,吸引超过200名学生踊跃参与。

本次活动是“中信之星”奖助学金公益项目下系列赋能活动之一,在资助学子们顺利完成学业的同时,鼓励其以视频为载体讲述青年一代眼中的缅甸故事,助力中缅友好交往与文化交流。

首届“中信之星”短视频创作活动于2025年在仰光成功举办,中国驻缅甸大使马珈、缅甸首任总理吴努之女杜丹丹努等为获奖作品颁奖。