
နူအက်ခ်ရှော့၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ ဆေးရုံသင်္ဘော “Auspicious Ark” သည် မော်ရီတေးနီးယားနိုင်ငံသို့ စက်တင်ဘာ ၁၅ ရက်တွင် ခုနစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာကာ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
Mission Harmony-2026 မစ်ရှင်ကို ဆောင်ရွက်လျက်ရှိသည့် အဆိုပါ ဆေးရုံသင်္ဘောသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် မော်ရီတေးနီးယားနိုင်ငံ၏ မြို့တော် နူအက်ခ်ရှော့ရှိ ချစ်ကြည်ရေးဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သည်။
အဆိုပါ သင်္ဘောဆိပ်ကမ်းသို့ ဆိုက်ကပ်သည့် ကြိုဆိုပွဲအခမ်းအနားကို မော်ရီတေးနီးယား စစ်ဘက်နှင့် အစိုးရ တာဝန်ရှိသူများ၊ စစ်ဘက်ဝန်ထမ်းများ၊ မော်ရီတေးနီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ တရုတ်သံရုံးဝန်ထမ်းများ၊ မော်ရီတေးနီးယားရှိ တရုတ်နွယ်ဖွားအသိုင်းအဝိုင်းနှင့် တရုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်သူများက တရုတ်နှင့် မော်ရီတေးနီးယား နိုင်ငံတော်အလံများကို ကိုင်ဆောင်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြသလို ဒေသခံပြည်သူများကလည်း ပန်းများနှင့် ရောင်စုံအလံများကို ကိုင်ဆောင်ခဲ့ကြပြီး မော်ရီတေးနီးယား စစ်ဘက်တီးဝိုင်းကလည်း တေးဂီတများ တီးမှုတ်ကြိုဆိုခဲ့သည်။
ကြိုဆိုပွဲအခမ်းအနားအပြီးတွင် မော်ရီတေးနီးယားရေတပ် တပ်မှူးက ဆေးရုံသင်္ဘောပေါ်သို့ တက်ရောက်ခဲ့ကာ ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးကာ သင်္ဘောအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် ၎င်းသည် မစ်ရှင်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)


……………………
(English Version)
Chinese navy hospital ship arrives in Mauritania for medical mission
NOUAKCHOTT, Sept. 16 (Xinhua) -- The Chinese People's Liberation Army Navy hospital ship Auspicious Ark arrived in Mauritania on Tuesday for a seven-day friendly visit, during which it would provide medical services.
The hospital ship, which is carrying out the Mission Harmony-2026, docked at the Friendship Port in Nouakchott, the capital of Mauritania, at around 10:00 a.m. local time.
Mauritanian military and government officials, military personnel, the Chinese ambassador to Mauritania, staff of the Chinese embassy, representatives of the Chinese community and Chinese enterprises, as well as local residents attended a welcoming ceremony at the port.
The crowd waved the national flags of China and Mauritania, while local residents held flowers and colorful flags and a Mauritanian military band played music during the ceremony.
Following the ceremony, the commander of the Mauritanian navy boarded the hospital ship, where he inspected the guard of honor and toured the vessel. He later held talks with representatives of the mission personnel.
Photo caption 1: The Chinese People's Liberation Army Navy hospital ship Auspicious Ark docks at the Friendship Port in Nouakchott, the capital of Mauritania, Sept. 15, 2026. (Xinhua/Xie Jianfei)
Photo caption 2: An aerial photo shows the Chinese People's Liberation Army Navy hospital ship Auspicious Ark docking at the Friendship Port in Nouakchott, the capital of Mauritania, Sept. 15, 2026. (Xinhua/Xie Jianfei)








