
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုသည် မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ စက်တင်ဘာ ၂၄ ရက်တွင် ရောက်ရှိခဲ့ပြီး ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ် စတင်ခဲ့ကြောင်း သိရသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံအလံများ လွှင့်ထူထားသော တရုတ်ရေတပ်၏ ထန်ဆန်း စစ်သင်္ဘော၊ တာ့ချင့်စစ်သင်္ဘောနှင့် ထိုက်ဟူစစ်သင်္ဘောတို့သည် ရန်ကုန်ဆိပ်ကမ်းသို့ ဖြည်းညင်းစွာ ဆိုက်ကပ်လာခဲ့သည်။ လက်နက်များကို ဂုဏ်ပြုကျင့်ဝတ်များအရ ဦးမော့ထားသည့် အနေအထားသို့ ညှိနှိုင်းပြင်ဆင်လိုက်ပြီး ကုန်းပတ်ပေါ်တွင် အဖွဲ့လိုက်တန်းစီကာ ညီညာသပ်ရပ်၍ ရဲရင့်တက်ကြွသော အနေအထားဖြင့် စစ်သည်အရာရှိများက လာရောက်ကြိုဆိုသော လူအုပ်ကြီးကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့သည်။
ဆိပ်ကမ်းတွင် “တရုတ်ရေတပ် ၄၈ ကြိမ်မြောက် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိမှုအား လှိုက်လှဲစွာကြိုဆိုပါ၏” ၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” ဟူသော ဆိုင်းဘုတ်စာသားများက အလွန်သိသာထင်ရှားလှသည်။
မြန်မာနိုင်ငံ တပ်မတော်နှင့် အစိုးရ အဆင့်မြင့်အရာရှိနှင့် အရာရှိစစ်သည်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ဝန်ထမ်းများ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများ၊ တရုတ်နွယ်ဖွားနှင့် တရုတ်လူမျိုးများ၏ ကိုယ်စားလှယ်များအပါအဝင် လူဦးရေ ၃၀၀ ကျော်က ဆိပ်ကမ်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းလျက် တရုတ်ရေတပ် ရေကြောင်းစောင့်ရှောက်ရေး ရေယာဉ်အုပ်စုကို ကြိုဆိုခဲ့ကြသည်။ မြန်မာနိုင်ငံ စစ်တီးဝိုင်းအဖွဲ့က ကြိုဆိုရေးတေးဂီတသံစဉ်များ တီးခတ်လိုက်ရာ ဆိပ်ကမ်းတွင် တည်ငြိမ်လေးနက်ကာ လှိုက်လှဲနွေးထွေးသွားခဲ့သည်။
ခရီးစဉ်ကာလအတွင်း ရေယာဉ်အုပ်စု ကွပ်ကဲရေးမှူးများသည် မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော် အကြီးအကဲများနှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ပြီး နှစ်ဖက်က ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများ၊ စစ်သင်္ဘော လေ့လာကြည့်ရှုမှု၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုနှင့် သင်္ဘောကုန်းပတ်ဧည့်ခံပွဲများ စသည့် လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中国海军第48批护航编队抵达缅甸进行友好访问
新华社仰光9月24日电(杜江帆 徐涛涛)中国海军第48批护航编队24日抵达缅甸仰光港,开始对缅甸进行为期5天的友好访问。
当地时间14时许,悬挂着中缅两国国旗的海军唐山舰、大庆舰、太湖舰缓缓驶入仰光港。武器调整至礼仪仰角,官兵在甲板上分区列队,军容严整,精神抖擞,向欢迎人群挥手致意。
码头上,“热烈欢迎中国海军第48批护航编队访问缅甸”“中缅友谊万古长青”的横幅格外醒目。缅方军政要员和官兵代表、中国驻缅使馆工作人员、中资机构及华侨华人代表等300余人,挥舞着中缅两国国旗,欢迎中国海军护航编队。缅方军乐队奏响欢迎乐曲,现场氛围庄重热烈。
访问期间,编队指挥员将拜会缅方军政领导,双方将开展专业交流、舰艇参观、文体交流、甲板招待会等活动。(完)








