ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ပျက်စီးသွားသော အဆောက်အအုံအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ပျက်စီးသွားသော အဆောက်အအုံအား ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက် ည ၈ နာရီ ၃၀ မိနစ်မှ အောက်တိုဘာ ၆ ရက် နံနက် ၅ နာရီအထိ ယူကရိန်းဘက်မှ ဒရုန်း စုစုပေါင်း ၆၅၀ စင်း မော်စကိုဒေသဆီသို့ ဦးတည်ပျံသန်းခဲ့ပြီး ဒရုန်းအများစုကို ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက ဝေးလံသောအကွာအဝေး၌ ပစ်ချနိုင်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် Sergey Sobyanin က အောက်တိုဘာ ၆ ရက်တွင် လူမှုကွန်ရက်၌ ပြောကြားခဲ့သည်။

ထို့ပြင် TASS သတင်းဌာန၏ စာရင်းအချက်အလက်များအရ ယခုအကြိမ် တိုက်ခိုက်မှုသည် လွန်ခဲ့သော ၂ နှစ်အတွင်း ယူကရိန်းက မော်စကိုဒေသကို ပစ်မှတ်ထားသည့် အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

............................

(Chinese Version)

俄首都遭乌克兰大规模无人机袭击

新华社莫斯科10月6日电(记者赵冰)俄罗斯首都莫斯科市市长索比亚宁6日在社交媒体上说,自当地时间5日20时30分至6日5时,共有650架乌克兰无人机飞往莫斯科地区方向,大部分无人机被俄防空部队在远距离击落。  

另据塔斯社统计,此次袭击是近两年乌克兰针对莫斯科地区最大规模的无人机袭击之一。(完)

图说:这是2023年8月1日在俄罗斯首都莫斯科拍摄的受损建筑。新华社记者白雪骐摄