အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် နှစ်ဆန်းပိုင်းသတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Mark Garten/UN Photo/Handout via Xinhua)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် နှစ်ဆန်းပိုင်းသတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Mark Garten/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ယီမန်နိုင်ငံတွင် တိုက်ပွဲများ ပြင်းထန်လာမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး ဟူသီတို့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၅ ရက်၌ ပြောကြားခဲ့သည်။

"အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ ဘက်အသီးသီးအကြား တင်းမာမှုတွေကို လျှော့ချစေချင်ခဲ့သလို ဆက်လက်ပြီးတော့လည်း လိုလားလျက်ရှိပါတယ်" ဟု ဂူတာရက်စ်၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟက်က ပြောကြားခဲ့သည်။

ပြင်ပအင်အားစုများ ပါဝင်ပတ်သက်လာခြင်း အပါအဝင် ထိုပဋိပက္ခတွင် စစ်ရေးအရ ပိုမိုပါဝင်ပတ်သက်လာစေမည့် လုပ်ဆောင်ချက်များသည် အထောက်အကူဖြစ်စေမည်ဟု ဂူတာရက်စ်က မယုံကြည်ကြောင်းလည်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

သြဂုတ် ၁ ရက်မှစ၍ လူပေါင်း ၁၈၀,၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့က ပြောကြားခဲ့သည်။

တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနေချိန်တွင် ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အခြေအနေပေးသည့် နေရာတိုင်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောကြားခဲ့သည်။

သြဂုတ်လအစပိုင်းမှစတင်၍ အရပ်သား ၄၆ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၂၄ ဦးမှာ ကလေးငယ်များဖြစ်ကာ အမျိုးသမီးများနှင့် ကလေးငယ် ၈၄ ဦး အပါအဝင် အခြားလူဦးရေ ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း OCHA က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး၏ အချက်အလက်များကို ကိုးကား၍ ပြောကြားခဲ့သည်။

နေအိမ်များနှင့် လယ်ယာမြေများအပြင် ကျန်းမာရေး၊ ရေပေးဝေရေးနှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ အပါအဝင် အရပ်သားအခြေခံအဆောက်အအုံများကို ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ဖော်ပြခဲ့ကြောင်း OCHA ၏ အဆိုအရ သိရသည်။

"OCHA အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေနဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို ဆက်လက်ဆန်းစစ်လေ့လာလျက်ရှိပါတယ်" ဟုလည်း OCHA က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

UN chief voices deep concern over escalation in Yemen

UNITED NATIONS, Oct. 5 (Xinhua) -- UN Secretary-General Antonio Guterres is deeply concerned by increased fighting in Yemen and condemns Houthi attacks, a UN spokesperson said Monday.

"The secretary-general has wanted the sides to de-escalate tensions, and he continues to want that," said Farhan Haq, the deputy spokesperson for Guterres.

The spokesperson added that Guterres does not believe that further militarization of the conflict, including involvement by outside powers, will be helpful.

The International Organization for Migration said more than 180,000 people have been displaced since Aug. 1.

The UN Office for the Coordination of Humanitarian Affairs (OCHA) said the United Nations and its partners continue to support the humanitarian response wherever conditions allow, as escalating hostilities are causing more civilian casualties.

Since the start of August, at least 46 civilians have been killed, 24 of them children, and more than 130 others have been injured, including 84 women and children, OCHA said, citing the UN Human Rights Office.

According to OCHA, humanitarian partners have reported damage to civilian infrastructure, including homes and farms, as well as health, water and education facilities.

"OCHA continues to assess people's needs and the impact of the hostilities," it said. ■

Photo caption: UN Secretary-General Antonio Guterres speaks at a start-of-year press conference at the UN headquarters in New York, Jan. 29, 2026. (Mark Garten/UN Photo/Handout via Xinhua)