
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ရန်ကုန်ဆိပ်ကမ်း၌ ၂၀၂၆ ခုနှစ် ပထမ ၉ လတာအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၁၈ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း အောက်တိုဘာ ၆ ရက်ထုတ် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။
ရန်ကုန်ဆိပ်ကမ်းသည် စက်တင်ဘာလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၆၁ စင်း ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလတွင် ကုန်သေတ္တာတင်သင်္ဘော ၅၆ စင်း ဆိုက်ကပ်ရန် စီစဉ်ထားကြောင်းလည်း သတင်း၌ ဖော်ပြထားသည်။
ရန်ကုန်ဆိပ်ကမ်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကုန်သေတ္တာတင်သင်္ဘော ၇၂၈ စင်း ကိုင်တွယ်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ၆၃၃ စင်းနှင့် ၂၀၂၃ ခုနှစ်တွင် ၆၂၉ စင်းရှိခဲ့ရာမှ မြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါသတင်းအရ သိရသည်။
မြန်မာနိုင်ငံ၏ အဓိက နိုင်ငံတကာဆိပ်ကမ်းများအနက် တစ်ခုဖြစ်သော ရန်ကုန်ဆိပ်ကမ်းသည် နိုင်ငံ၏ ပုံမှန် ပို့ကုန်နှင့် သွင်းကုန်စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်အတွင်းပိုင်းဆိပ်ကမ်းနှင့် သီလဝါအပြင်ပိုင်းဆိပ်ကမ်းတို့ ပါဝင်ပြီး စုစုပေါင်း သင်္ဘောဆိပ်ခံတံတား ၄၈ ခု ရှိကြောင်း သိရသည်။ (Xinhua)
..................................
(English Version)
Myanmar's Yangon Port receives 518 container vessels in 1st 9 months of 2026
YANGON, Oct. 6 (Xinhua) -- Myanmar's Yangon Port received 518 container vessels in the first nine months of 2026, the state-owned daily The Global New Light of Myanmar reported on Tuesday.
The port handled 61 container vessels in September, it said, adding that 56 container vessels are scheduled to arrive at the port in October.
Yangon Port handled 728 container vessels in 2025, up from 633 in 2024 and 629 in 2023, according to the report.
As one of Myanmar's major international ports, Yangon Port handles more than 90 percent of the country's regular exports and imports. The port comprises the Yangon Inner Harbour and the Thilawa Outer Harbour, with a total of 48 berths. Enditem
Photo caption: This photo taken on July 10, 2026 shows a view of a port in Yangon, Myanmar. (Xinhua/Myo Kyaw Soe)







