၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်က ကျင်းပစဉ် (ဓာတ်ပုံ- Myanmar Digital News)
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်က ကျင်းပစဉ် (ဓာတ်ပုံ- Myanmar Digital News)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့ကြောင်း အောက်တိုဘာ ၆ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ချောချောစိန်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပခဲ့သည့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိကြသူများနှင့် စံပြဆု ရရှိခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ အပါအဝင် နိုင်ငံတစ်ဝန်း၌လည်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

..................................

(English Version)

World Teachers' Day marked at Myanmar's University of Yangon

YANGON, Oct. 6 (Xinhua) -- The 2026 World Teachers' Day ceremony was held on Monday at the Convocation Hall of the University of Yangon, the state-owned daily The Global New Light of Myanmar reported on Tuesday.  

During the ceremony, Union Minister for Education Chaw Chaw Sein read out the message sent by President Min Aung Hlaing. Honors and certificates were presented to distinguished and outstanding teachers, as well as winners of essay, poem and article competitions held to mark World Teachers' Day, the report said.

World Teachers' Day commemorative ceremonies were also held across the country, including in Nay Pyi Taw Union Territory, Shan state, Chin state and Tanintharyi region. Enditem