မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ငါးလက်ကားဈေးတစ်ခုတွင် ငါးအမျိုးအစားခွဲခြားနေသော အလုပ်သမားများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ငါးလက်ကားဈေးတစ်ခုတွင် ငါးအမျိုးအစားခွဲခြားနေသော အလုပ်သမားများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဧပြီလက စတင်ခဲ့သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမခြောက်လအတွင်း မြန်မာနိုင်ငံက ရေထွက်ကုန် တန်ချိန် ၁၆၁,၉၃၁ ကျော် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့်  အမေရိကန်ဒေါ်လာ ၂၇၈ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ရေထွက်ကုန်တင်ပို့မှုပမာဏသည် မြန်မာနိုင်ငံအနေဖြင့် ယခင်ဘဏ္ဍာနှစ် အလားတူကာလက ရေထွက်ကုန် တန်ချိန် ၁၉၀,၅၆၇ ကျော် တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက လျော့ကျခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို နိုင်ငံပေါင်း ၄၀ ခန့်သို့ တင်ပို့လျက်ရှိပြီး အများစုမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခင်ဘဏ္ဍာနှစ်က ရေထွက်ကုန် တန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ငါးလက်ကားဈေးတစ်ခုတွင် ရောင်းချမည့် ပုစွန်များ အမျိုးအစားခွဲနေသည့် အလုပ်သမားများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ငါးလက်ကားဈေးတစ်ခုတွင် ရောင်းချမည့် ပုစွန်များ အမျိုးအစားခွဲနေသည့် အလုပ်သမားများကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)