
ဘန်ကောက်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ နေရာအများအပြားတွင် ရေကြီးရေလျှံမှုကြောင့် အောက်တိုဘာ ၅ ရက် နံနက်ပိုင်းအထိ လူ ၃၁ ဦး သေဆုံးခဲ့ပြီး ရေဘေးဒဏ်ခံစားရသူဦးရေမှာ ၄.၁ သန်းကျော်ရှိကြောင်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဘေးအန္တရာယ်ကာကွယ်ရေးနှင့်လျှော့ချရေးဦးစီးဌာနက ထိုနေ့ ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ် အနူတင်က ထိုနေ့တွင်ပင် လက်ရှိရေကြီးရေလျှံမှု အခြေအနေမှာ လျော့ပါးလာကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနေရာအနှံ့အပြားသည် စက်တင်ဘာလလယ်ပိုင်းတွင် ရေကြီးရေလျှံမှုဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရသည်။ လက်ရှိတွင် အလုံးစုံအခြေအနေသည် ကောင်းမွန်လာနေပြီး ဒေသအချို့တွင် ရေကြီးမှုအဆင့်သည် တည်ငြိမ်လာကာ စတင်ကျဆင်းနေပြီဖြစ်ကြောင်း အောက်တိုဘာ ၅ ရက် အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ကယ်ဆယ်ရေးကွပ်ကဲမှုဌာန ညွှန်ကြားရေးအဖွဲ့ အစည်းအဝေးကို ဦးဆောင်ကျင်းပစဉ် အနူတင်က ပြောကြားခဲ့သည်။ ၎င်းက သက်ဆိုင်ရာဌာနများအား ရေစီးရေလာကောင်းအောင် အရှိန်မြှင့်ဆောင်ရွက်ရန်၊ ဘေးဒုက္ခသင့်ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့ရန်နှင့် ပြည်သူများ၏ နေ့စဉ်ဘဝအတွက် လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ အာမခံပေးရန် ညွှန်ကြားခဲ့သည်။
ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Ekkapob က ထိုနေ့တွင်ပင် ဝန်ကြီးချုပ်ရုံး၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် လက်ရှိမြို့တော်ဘန်ကောက်၏နေရာအများစု၌ ရေဝပ်မှုများ လျော့ပါးလာပြီး ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ဘန်ကောက်မြို့ကိုဖြတ်၍စီးဆင်းသော ကျောက်ဖယားမြစ်၏ရေလယ်ဗယ်သည် လက်ရှိ ရေကာတာထက် ၁ မီတာခန့်နိမ့်နေပြီး ရေစီးရေလာကောင်းမွန်အောင် အရှိန်မြင့်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
..........................................
(Chinese Version)
泰国洪灾死亡人数升至31人 曼谷积水有所缓解
新华社曼谷10月5日电(记者常天童 林淑婷)泰国内政部防灾减灾厅5日发布报告说,截至当天上午,泰国多地洪灾已造成31人死亡,受灾人数超过410万人。泰国总理阿努廷同天表示,目前洪灾灾情有所缓解。
泰国多地9月中旬遭遇洪灾。阿努廷5日在主持召开国家防灾减灾指挥部会议时表示,目前整体情况正在好转,部分地区洪水水位趋于稳定并开始下降。他指示相关部门加快排涝、救济灾民并加强民生保障。
总理府发言人埃卡蓬同日在总理府举行的新闻发布会上说,目前首都曼谷大部分地区的积水已有所缓解,车辆可以通行。纵贯曼谷的湄南河水位目前低于防洪堤约1米,可继续排涝。(完)
图说:9月26日,车辆在泰国曼谷一处漫水的路面行驶。新华社发(拉亨摄)



836c2dd84a851032ab0bf805a1b369906ac1ac38.article_card.avif)




