ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဂျာမနီဝန်ကြီးချုပ်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုသို့ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်(ယာ) နှင့်ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးတို့ တက်ရောက်သည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဂျာမနီဝန်ကြီးချုပ်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုသို့ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်(ယာ) နှင့်ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးတို့ တက်ရောက်သည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ်မက်ဇ်သည် အောက်တိုဘာ ၄ ရက်က ယူကရိန်းနိုင်ငံ ကိဗ်မြို့သို့ သွားရောက်လည်ပတ်စဉ် ယူကရိန်းအတွက် ယူရို ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁.၁၃ ဘီလီယံခန့်) တန်ဖိုးရှိ စစ်ရေးအကူအညီအစီအစဉ်အသစ် ပေးအပ်ရန် ကတိပြုခဲ့ကြောင်း ကြေညာခဲ့သည်။

ဂျာမနီအစိုးရ၏ထုတ်ပြန်ချက်အရ စစ်ရေးအကူအညီအစီအစဉ်အသစ်သည် လေကြောင်းရန်ကာကွယ်ရေးစွမ်းဆောင်ရည်များကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျက်အင်ဂျင်တပ်ဒရုန်းများကို ကြားဖြတ်ဟန့်တားရန်  ဒုံးလက်နက်များပူးတွဲထုတ်လုပ်ခြင်းလည်း ပါဝင်သည်။

အဆိုပါကဏ္ဍတွင် မကြာသေးမီက ရရှိထားသောနည်းပညာဆိုင်ရာအောင်မြင်တိုးတက်မှုများသည် ယူကရိန်း၏လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို လျင်မြန်စွာမြှင့်တင်ပေးနိုင်လိမ့်မည်ဟု မက်ဇ်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအတွက် တာဝေးပစ်လက်နက်များ၊ ဂြိုဟ်တုနည်းပညာနှင့်တိုက်ခိုက်ရေးဒရုန်းများကိုလည်း ဂျာမနီနိုင်ငံက ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ထို့အပြင် လာမည့်ဆောင်းရာသီမတိုင်မီ ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံအဆောက်အအုံများ ပြန်လည်ပြင်ဆင်ရန်အတွက် ဂျာမနီနိုင်ငံက ယူရို သန်း ၃၅၀ ခန့် (အမေရိကန်ဒေါ်လာ သန်း ၃၉၄ ခန့်) ပံ့ပိုးကူညီပေးမည်ဖြစ်သည်။

ယခုခရီးစဉ်သည် လွန်ခဲ့သည့်နှစ်က မက်ဇ် ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့ပြီးနောက် ကိဗ်မြို့သို့ ဒုတိယအကြိမ် လာရောက်သည့်ခရီးစဉ် ဖြစ်သည်။ (Xinhua)

…………….

(English Version)

Germany pledges new military, energy aid package for Ukraine

BERLIN, Oct. 4 (Xinhua) -- Germany pledged a fresh military aid package for Ukraine worth around 1 billion euros (about 1.13 billion U.S. dollars), Chancellor Friedrich Merz announced during his visit to Kiev on Sunday.

According to the German government, the new military aid package focuses primarily on air defense capabilities, including the joint production of interceptors against jet-powered drones.

Merz noted that recent technical breakthroughs in this area would help swiftly strengthen Ukrainian air defenses.

Germany will also provide long-range weapons, satellite technology and combat drones for Ukraine.

In addition, Germany will offer around 350 million euros (394 million dollars) to repair Ukraine's energy infrastructure ahead of the coming winter.

This is Merz's second visit to Kiev since he took office last year.

Photo caption: German Chancellor Friedrich Merz (R) and Ukrainian President Volodymyr Zelensky attend a press conference at the German Chancellery in Berlin, Germany on April 14, 2026. (Xinhua/Zhang Haofu)