ဟူသီ မီဒီယာစင်တာက ထုတ်ပြန်ပေးခဲ့သော ဖန်သားပြင်ဓာတ်ပုံတွင် Taiz မြို့ရှိ စျေးတစ်ခုကို ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုဟု ယူဆရသည့် ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မြင်ကွင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-Houthi Media Center/Handout via Xinhua)
ဟူသီ မီဒီယာစင်တာက ထုတ်ပြန်ပေးခဲ့သော ဖန်သားပြင်ဓာတ်ပုံတွင် Taiz မြို့ရှိ စျေးတစ်ခုကို ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုဟု ယူဆရသည့် ပစ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မြင်ကွင်းကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-Houthi Media Center/Handout via Xinhua)

ဆန်နား၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ၏ ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော မြို့တော်ဆန်နားတွင် အောက်တိုဘာ ၃ ရက်နှောင်းပိုင်းက ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချူပ်ထားသည့် al-Masirah ရုပ်သံဌာနကလည်း မြို့တော်အတွင်း ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။

အမည်မဖော်လိုသူ ဆန်နားမြို့ခံတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားရာတွင် မြို့ပေါ်ဝဲပျံနေသော တိုက်လေယာဉ်သံများကို ကြားခဲ့ရပြီး မြို့တော်တစ်ဝှမ်း၌ အလွန်ပြင်းထန်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်ပေါ်ထွက်လာကာ ပြတင်းပေါက်များနှင့် အဆောက်အအုံများ တုန်ခါသွားခဲ့သည်ဟု ဆိုသည်။

“ပေါက်ကွဲသံတွေက အရမ်းပြင်းထန်လွန်းလို့ ကျွန်တော်တို့ခြေအောက်က မြေကြီးတောင် တုန်ခါသွားပါတယ်” ဟု အဆိုပါမြို့ခံက ပြောကြားခဲ့သည်။ “ငလျင်လှုပ်သလိုပဲ ခံစားရတယ်။ ကျွန်တော်တို့ရဲ့ ပြတင်းပေါက်တွေလည်း တုန်ခါကုန်ပြီး ကလေးတွေလည်း ထိတ်ထိတ်လန့်လန့်နဲ့ နိုးလာကြတယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် ဟူသီလက်နက်ကိုင်အဖွဲ့၏ တပ်စခန်းများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ယုံကြည်ကြသည်။ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ ချက်ချင်း မသိရှိရသေးပေ။

အောက်တိုဘာ ၃ ရက် အစောပိုင်းကလည်း ယီမင်နိုင်ငံအပေါ် ဆော်ဒီ၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဆော်ဒီနိုင်ငံ မြို့တော် ရီယတ်ရှိ Aramco ရေနံကုမ္ပဏီ၏ စက်ရုံတစ်ရုံကို ပစ်မှတ်ထားကာ ပဲ့ထိန်းဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က လွန်ခဲ့သည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံသို့ လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှု အကြိမ် ၆၀ ခန့် ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံအပေါ် ရေကြောင်းပိတ်ဆို့မှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော် ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် မြင့်တက်လာခဲ့ရာမှ ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဆော်ဒီအာရေဗျတို့အကြား တင်းမာမှုများ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ ကျောထောက်နောက်ခံပေးမှုကို အဓိကရရှိထားသော ယီမင်အစိုးရတပ်ဖွဲ့များနှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေစဉ် စက်တင်ဘာလအတွင်း အဆိုပါ ပဋိပက္ခမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက်က ပင်လယ်နီ ဆိပ်ကမ်းမြို့ဖြစ်သော မိုချာမြို့ကိုလည်းကောင်း၊ နောက်တစ်နေ့တွင် ဗျူဟာကျသည့် တည်နေရာရှိ Mayyun ကျွန်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် ဟူသီလက်နက်ကိုင်အဖွဲ့က မြို့တော်ဆန်နားနှင့် မြောက်ပိုင်းယီမင်၏ ဒေသအများစုကို သိမ်းပိုက်ခဲ့ချိန်မှ ယီမင်ပဋိပက္ခ စတင်ခဲ့ပြီး နိုင်ငံတကာမှ အသိအမှတ်ပြုထားသော ယီမင်အစိုးရကို ထောက်ခံသည့်အနေဖြင့် ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်နိုင်ငံအတွင်းသို့ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

ယီမင်နိုင်ငံ ဆန်နားမြို့ရှိ ဆန်နားနိုင်ငံတကာလေဆိပ် လေကြောင်း တိုက်ခိုက်ခံရပြီးနောက် မီးခိုးများထွက်ပေါ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Houthi Media Center/Handout via Xinhua)
ယီမင်နိုင်ငံ ဆန်နားမြို့ရှိ ဆန်နားနိုင်ငံတကာလေဆိပ် လေကြောင်း တိုက်ခိုက်ခံရပြီးနောက် မီးခိုးများထွက်ပေါ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Houthi Media Center/Handout via Xinhua)

------------------------------------------

(English Version)

Saudi airstrikes reported on Yemen's Houthi-held capital Sanaa

SANAA, Oct. 3 (Xinhua) -- Loud explosions rocked Yemen's Houthi-held capital Sanaa late Saturday, as the Houthi-run al-Masirah TV reported renewed Saudi airstrikes on the city.

A Sanaa resident, speaking to Xinhua on condition of anonymity, said warplanes could be heard overhead as powerful blasts echoed across the capital, rattling windows and shaking buildings.

"The blasts were so powerful that the ground shook beneath us," the resident said. "It felt like an earthquake. Our windows were rattling and the children woke up terrified."

Local residents believed that the airstrikes targeted Houthi positions. Casualties were not immediately known.

Earlier on Saturday, the Houthis said they had launched ballistic missiles and drones at an Aramco facility in the Saudi capital Riyadh in retaliation for what they described as intensified Saudi strikes on Yemen. Houthi military spokesperson Yahya Sarea said that 60 air and missile strikes had hit Yemen over the previous 24 hours.

Tensions between the Houthis and Saudi Arabia intensified after the group announced a maritime embargo against Saudi Arabia on July 20, followed by an escalation in cross-border missile and drone attacks and airstrikes.

The confrontation widened further in September amid fighting between the Houthis and Yemeni government forces, largely backed by Saudi Arabia. The Houthis captured the Red Sea port city of Mocha on Sept. 10 and strategically located Mayyun Island the following day.

Yemen's conflict began in late 2014, when the Houthis seized the capital Sanaa and much of northern Yemen, prompting a Saudi-led coalition to intervene in March 2015 in support of the internationally recognized Yemeni government.

Photo Caption 1 :This handout screenshot provided by the Houthi Media Center on Sept. 27, 2026 shows the destruction after an alleged Saudi airstrike targeted a market in Taiz. (Houthi Media Center/Handout via Xinhua)

Photo Caption 2 :Smoke rises after airstrikes on Sanaa International Airport in Sanaa, Yemen, July 13, 2026. Houthi-run Al-Masirah TV said Monday Saudi Arabia launched several airstrikes on the runways of Sanaa International Airport in the Houthi-controlled Yemeni capital. (Houthi Media Center/Handout via Xinhua)