
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁ ရက် နံနက်မိုးသောက်ချိန်မတိုင်မီ နာရီပိုင်းအလိုတွင် တရုတ်နိုင်ငံရှိ ထျန်းအန်းမန်ရင်ပြင်သည် မျှော်လင့်စောင့်စားမှုများဖြင့် အသက်ဝင်စည်ကားနေပြီဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း ၇၇ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား ကျင်းပချိန်တွင် နိုင်ငံတော်အလံတင် အခမ်းအနားကို ကြည့်ရှုရန် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၁၀၀,၀၀၀ ကျော်သည် ပေကျင်းမြို့ ဗဟိုချက်၌ စုဝေးရောက်ရှိနေခဲ့ကြသည်။
ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် နိုင်ငံတော်သီချင်းသံက ရင်ပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။ ပြည်သူများက နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြပြီး ၎င်းတို့၏ မျက်လုံးများက အထက်ကောင်းကင်သို့ တလူလူမြင့်တက်သွားသော ကြယ်ငါးပွင့်စီခြယ်ထားသည့် အနီရောင်အလံကို ထက်ကြပ်မကွာ လိုက်လံကြည့်ရှုခဲ့ကြသည်။ ထိုအခိုက်အတန့်၌ ပြည်သူများစွာအတွက် မျက်ရည်ကျသည်အထိ ဖြစ်ခဲ့ရသည်။
ချိုးဖြူငှက်အုပ်ကြီးတစ်အုပ် ကောင်းကင်ယံသို့ ပျံတက်သွားချိန်တွင် ဧည့်ပရိသတ်လူအုပ်ကြီးထဲမှ ဩဘာပေးသံများနှင့် လက်ခုပ်သံများ တစ်ခဲနက် ထွက်ပေါ်လာခဲ့ပြီး ရင်ပြင်တစ်ခုလုံးကို မြူးကြွပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကလေးငယ်များက နိုင်ငံတော်အလံများ ဝှေ့ယမ်းရင်း မြူးထူးပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြပြီး လူငယ်များကလည်း ပါးပြင်များတွင် နိုင်ငံတော်အလံ စတစ်ကာများကပ်လျက် ရယ်ရယ်မောမော စကားစမြည်ပြောဆိုနေကြကာ တောက်ပြောင်သော ပွဲလမ်းသဘင် ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် သက်ကြီးပိုင်းအရွယ်များမှာလည်း ရင်ပြင်အလယ်ဗဟိုရှိ ၁၈ မီတာမြင့်သော ပန်းခြင်းကြီးရှေ့တွင် ပြုံးရွှင်စွာ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးနေကြသည်။
ယခုကဲ့သို့ ရွှင်မြူးတက်ကြွဖွယ် အငွေ့အသက်မှာ မြို့တော်နယ်နိမိတ်ကိုကျော်လွန်၍ အလွန်ဝေးကွာသော နေရာဒေသများအထိ ပျံ့နှံ့သွားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ လမ်းမကြီးများစွာတွင် နိုင်ငံတော်အလံများနှင့် ပန်းအလှသရုပ်ဖော်ပြကွက်များကို ခင်းကျင်းပြသထားပြီး လူနေရပ်ကွက်များတွင်လည်း မီးပုံးများ၊ တရုတ်ရိုးရာကြိုးထုံးများဖြင့် တန်ဆာဆင်ထားကြသည်။
"ဒီပန်းအလှပြကွက်တွေဘေးကနေ ဖြတ်သွားတိုင်း စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝလာသလို ခံစားရတယ်" ဟု ပေကျင်းမြို့လယ်ရှိ အဓိကလမ်းမကြီးဖြစ်သော ချန်အန်းလမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာခဲ့သော အစားအသောက် ပို့ဆောင်ပေးသည့် စက်ဘီးစီးသမား ကောင်းဖုန်း က ပြောသည်။
"လူတိုင်းက ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်ထမ်းဆောင်ကြပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ်လို့ တကယ့်ကိုယုံကြည်ပါတယ်" ဟု ကောင်း က ဆိုသည်။
စက်တင်ဘာ ၃၀ ရက်က ကျင်းပသည့် တရုတ်နိုင်ငံ၏ အာဇာနည်နေ့ အခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော အဆင့်မြင့်ခေါင်းဆောင်များသည် တရုတ်ပြည်သူများ၏ လွတ်မြောက်ရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်ပေးလှူခဲ့သည့် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများအား အောက်မေ့ဂါရဝပြုခဲ့ကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261001/ed9c14f9249a4534ada518068e259899/c.html


...............................
(English Version)
Xinhua Headlines: Chinese celebrate 77 years of People's Republic, advance modernization with confidence
BEIJING, Oct. 1 (Xinhua) -- Hours before dawn on Thursday, Tian'anmen Square was already alive with anticipation. More than 100,000 people from across China gathered at the heart of Beijing to watch the national flag-raising ceremony as the People's Republic of China (PRC) marked its 77th founding anniversary.
At around 6:10 a.m., the national anthem echoed across the square. People sang in unison, their eyes following the five-starred red flag as it rose into the sky. For many, the moment brought tears.
When a large flock of white doves soared into the air, cheers and applause erupted from the crowd, filling the square with jubilation.
Children waved national flags as they ran about, young people chatted and laughed with national flag stickers on their cheeks, and older visitors in bright, festive clothes smiled for group photos in front of an 18-meter-high flower basket at the center of the square.
The festive mood extended far beyond the capital. Across the country, many streets were lined with national flags and floral displays, while residential communities were adorned with lanterns and traditional Chinese knots.
"Every time I pass these flower displays, I feel inspired," said Gao Feng, a food delivery rider who crossed Chang'an Avenue, a major thoroughfare through central Beijing.
"I truly believe that if everyone does their job well and takes things one step at a time, we can build a better future," Gao said.
On Wednesday, Chinese President Xi Jinping and other senior leaders paid tribute to fallen heroes at a Martyrs' Day ceremony, honoring those who sacrificed their lives for the liberation of the Chinese people and the development of the PRC.
https://english.news.cn/20261001/ed9c14f9249a4534ada518068e259899/c.html
Photo caption 1: People watch a performance after attending a flag-raising ceremony at Dongfeng Square in Kunming, southwest China's Yunnan Province, Oct. 1, 2026. (Photo by Zheng Yi/Xinhua)
Photo caption 2: This photo taken on Oct. 1, 2026 shows a "flower basket" installation at Tian'anmen Square in Beijing, capital of China. (Xinhua/Yin Gang)








