ဘရာဇီးနိုင်ငံ ဘရာဇီးလီယာမြို့တွင်ကျင်းပသည့် ၂၀၂၆ Supercopa do Brasil ဗိုလ်လုပွဲစဉ်အတွင်း ကိုရင်သီယန်စ်အသင်းမှ မားသီးယပ်စ်ဘီဒူ (ဝဲ) ဖလာမင်ဂိုအသင်းမှ ဂျော်ဂျီယန်ဒယ်အာရက်စ်ဆီတာထံမှ ဘောလုံးရယူရန် ကြိုးပမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ဘရာဇီးလီယာမြို့တွင်ကျင်းပသည့် ၂၀၂၆ Supercopa do Brasil ဗိုလ်လုပွဲစဉ်အတွင်း ကိုရင်သီယန်စ်အသင်းမှ မားသီးယပ်စ်ဘီဒူ (ဝဲ) ဖလာမင်ဂိုအသင်းမှ ဂျော်ဂျီယန်ဒယ်အာရက်စ်ဆီတာထံမှ ဘောလုံးရယူရန် ကြိုးပမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ဘရာဇီးကလပ်ဖလာမင်ဂိုအသင်း၏ ကွင်းလယ်ကစားသမား ဂျော်ဂျီယန်ဒယ်အာရက်စ်ဆီတာ၏ ဘယ်ဘက်လက်ကောက်ဝတ် အရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်စွာခံယူပြီးစီးခဲ့ကြောင်း ဖလာမင်ဂိုအသင်းက အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၃၂ နှစ်အရွယ် အဆိုပါကစားသမားသည် ဆိုးလ်မြို့တွင် စက်တင်ဘာ ၂၈ ရက်က တောင်ကိုရီးယားအသင်းကို ၄-၁ ဂိုးနှင့် အနိုင်ရခဲ့သည့် ဥရုဂွေးအသင်း၏ခြေစမ်းပွဲ၌ ပါဝင်ကစားရင်း အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

“ဒယ်အာရက်စ်ဆီတာသည် ယနေ့နေ့လယ်ပိုင်းတွင် ဆေးရုံ၌ ဆရာဝန်များ၏စောင့်ကြည့်မှုအောက်တွင် ဆက်လက်ရှိနေမည်ဖြစ်ပြီး ၎င်း၏ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်ပါက ယနေ့ညပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရမည်ဟု မျှော်လင့်ရကြောင်း” ဖလာမင်ဂိုအသင်းက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အသင်းဘက်မှ ဒဏ်ရာသက်သာပျောက်ကင်းမည့် အချိန်ကာလအတိအကျကို ထုတ်ပြန်ခြင်းမရှိသော်လည်း ကွင်းလယ်ဖန်တီးရှင် ထိုကစားသမားသည် သီတင်းပတ် ၆ ပတ်မှ ၈ ပတ်ခန့်အထိ ပြိုင်ပွဲများတွင် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။

ဒယ်အာရက်စ်ဆီတာသည် ၂၀၁၉ ခုနှစ် တွင် ခရူဇီယိုအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖလာမင်ဂိုအသင်းအတွက်  ပွဲပေါင်း ၃၈၉ ပွဲ ပါဝင်ကစားထားပြီး ၁၀၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁၉ ကြိမ် ပြုလုပ်ထားသူဖြစ်ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Flamengo midfielder De Arrascaeta undergoes surgery

RIO DE JANEIRO, Oct. 1 (Xinhua) -- Flamengo midfielder Giorgian de Arrascaeta has undergone successful surgery to repair a fracture in his left wrist, the Brazilian club said on Thursday.

The 32-year-old sustained the injury while playing for Uruguay in its 4-1 friendly win over South Korea in Seoul on Monday.

"He will remain in the hospital under observation during the afternoon, with discharge expected later tonight, provided his clinical progress remains positive," Flamengo said in a social media post.

It did not provide a timeframe for his recovery, but local media said the playmaker would be sidelined for six to eight weeks.

De Arrascaeta has made 389 appearances for Flamengo, scoring 107 goals and providing 119 assists, following his 2019 move from Cruzeiro.

Photo caption: Matheus Bidu (L) of Corinthians challenges Giorgian de Arrascaeta of Flamengo for the ball during the 2026 Supercopa do Brasil final match between Corinthians and Flamengo in Brasilia, Brazil, Feb. 1, 2026. (Photo by Lucio Tavora/Xinhua)