
မော်စကို၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မိတ်ဆွေများထံသို့ ပွဲတော်နှုတ်ခွန်းဆက်စကားပြောကြားပြီး ရုရှား-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၇ နှစ်မြောက်ကိုလည်း ဂုဏ်ပြုခဲ့သည်။ ၎င်းက တရုတ်ဘာသာဖြင့် "အမျိုးသားနေ့ ပျော်ရွှင်ပါစေ" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို Zakharova က အထူးသုံးသပ်ပြောကြားခဲ့သည်။ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံသည် သာမန်မဟုတ်သော သမိုင်းဖြစ်စဉ်ကို လျှောက်လှမ်းခဲ့ပြီး အများအာရုံစိုက်ဖွယ်ရာ အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူများ၏ ဝီရိယစိုက်ထုတ်မှုနှင့် ဇွဲနပဲကောင်းမှုတို့ဖြင့် တရုတ်နိုင်ငံသည် မည်သည့်အခက်အခဲကိုမဆို ကျော်လွှားနိုင်စွမ်း အပြည့်အဝရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-တရုတ် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ယခင်က မရှိခဲ့ဖူးသော မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီး အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားကြောင်း၊ ရုရှား-တရုတ် နှစ်နိုင်ငံအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများသည် တည်ငြိမ်စွာ ရှေ့သို့ တွန်းအားပေး ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည် သုံးနှစ်ဆက်တိုက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရှိကြောင်း Zakharova က ပြောကြားခဲ့သည်။
ရုရှား-တရုတ် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုသည် နိုင်ငံတကာရေးရာကိစ္စရပ်များတွင် အရေးပါသော တည်ငြိမ်မှုအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၊ BRICS ၊ G20 နှင့် APEC စသည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းများပေါ်တွင် သံတမန်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
俄外交部发言人用中文祝贺中国国庆
新华社莫斯科10月1日电(记者黄河)俄罗斯外交部发言人扎哈罗娃9月30日在例行记者会上向中国朋友们致以节日问候,并祝贺俄中建交77周年。她用中文说:“国庆节快乐!”
扎哈罗娃积极评价中国发展成就。她说,过去几十年里,中国走过一段不平凡历程,取得令人瞩目的成就。在中国共产党领导下,依靠中国人民的勤劳与坚韧,中国完全有能力克服任何困难。
扎哈罗娃说,俄中新时代全面战略协作伙伴关系已达到前所未有的高水平,并继续保持强劲发展势头。俄中两国务实合作正在稳步推进,双边贸易额已连续三年稳超2000亿美元。俄中战略协作在国际事务中发挥着重要的稳定作用,俄方正不断加强同中方在联合国、上合组织、金砖国家、二十国集团、亚太经合组织等多边平台上的外交协调。(完)
图说:10月1日清晨,隆重的升国旗仪式在北京天安门广场举行,庆祝中华人民共和国成立77周年。 新华社记者 谢晗 摄








