
ဒိုဟာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ဒိုဟာပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာတွင် ၂၂ ကြိမ်မြောက် ဒိုဟာလက်ဝတ်ရတနာနှင့် နာရီပြပွဲ (DJWE) ကျင်းပလျက်ရှိရာ နိုင်ငံပေါင်း ၃၀ မှ အမှတ်တံဆိပ်ပေါင်း ၅၀၀ ကျော်ကို ကိုယ်စားပြုသည့် ပြခန်းပေါင်း ၄၉ ခန်း ပါဝင်ပြသလျက်ရှိသည်။
ခြောက်ရက်ကြာကျင်းပမည့် အဆိုပါပြပွဲကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ နာမည်ကျော် လက်ဝတ်ရတနာနှင့် နာရီလုပ်ငန်းအမှတ်တံဆိပ်များ၊ ဒေသတွင်းအမှတ်တံဆိပ်များ၊ ကာတာဒီဇိုင်နာများ ပါဝင်ပြသလျက်ရှိပြီး အမှတ်တရပစ္စည်းစုဆောင်းသူများ၊ ဝယ်ယူသူများနှင့် လာရောက်လေ့လာသူများက ပြခန်းမများတွင် စုဝေးရောက်ရှိလျက်ရှိကြောင်း သိရသည်။
ယခုနှစ် DJWE ပြပွဲကို မူလက ဧပြီလကုန်နှင့် မေလအစောပိုင်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အမေရိကန်နှင့်အစ္စရေးတို့၏ အီရန်နိုင်ငံအပေါ်တိုက်ခိုက်မှုများပြီးနောက် ဒေသတွင်းတင်းမာမှုများမြင့်တက်လာခြင်းကြောင့် ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
အဆိုပါပြပွဲကို Visit Qatar နှင့် ကာတာစီးပွားရေးပြပွဲများကော်ပိုရေးရှင်းတို့က ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။ (Xinhua)
…………….
(English Version)
Jewellery, watches exhibition underway in Doha
DOHA, Sept. 29 (Xinhua) -- The 22nd Doha Jewellery and Watches Exhibition (DJWE) is underway at the Doha Exhibition and Convention Center, featuring 49 exhibitors representing more than 500 brands from 30 countries.
The six-day exhibition runs from Sept. 28 to Oct. 3. International jewellery and watch houses are participating alongside regional brands and Qatari designers, with collectors, buyers and visitors gathering in the exhibition halls.
This year's DJWE was originally scheduled for late April and early May, but was postponed amid regional escalation triggered by joint U.S.-Israeli strikes on Iran starting on Feb. 28.
The exhibition is organised by Visit Qatar and the Qatar Business Events Corporation.
Photo caption: Visitors look at a collection of diamond jewelry at the 22nd edition of Doha Jewelry and Watches Exhibition in Doha, Qatar on Sept. 28, 2026. (Photo by Nikku/Xinhua)








